13. Way Back To Past (Black)

8.9K 1.2K 23
                                    

(Unicode)

2019 / January

ရှောင်းကျန့် ဒီလပိုင်းတွေထဲမှာ ရိပေါ့်အရိပ်တောင်မမြင်ရခဲ့ဘူး ....

သူကိုယ်တိုင်ဟာလည်း ရိပေါ့်ကိုရှာဖွေဖို့ မဝံ့မရဲ ....

မရိုးမသားစိတ်တွေကို ဆန်းစစ်ကြည့်လိုက်လို့ အမှန်တကယ် ဖြစ်နေခဲ့ရင် ...

ရှောင်းကျန့်ဟာ ဒီအဖြစ်မှန်ကို လက်ခံလိုက်ဖို့ကြောက်ရွံ့ပါတယ် ....

သူဟာ ရိပေါ့်ကို ချစ်တယ် ....

ညီလေးတစ်ယောက်လိုလား .... ဒါမှမဟုတ် ....

ဒီ့ထက်ပိုပြီး သူမတွေးရဲခဲ့ပါ ....

အစကတည်းက မေတ္တာတွေယိုဖိတ်နေလို့သာ အနီးဆုံးနေရာပေးထားခဲ့ပြီးသားပါလေ ....

အဲ့ဒါကိုမှ ...
ဝေခွဲရခက် ဆုံးဖြတ်ရခက်နေတဲ့ ရှောင်းကျန့်ဟာ ကိုယ့်ကိုယ်ကို မသိတဲ့လူ ကိုယ့်စိတ်ကို နားမလည်နိုင်တဲ့လူ ဖြစ်နေဆဲပဲ ....

"ရှောင်းကျန့် .... ဒီနေ့ Wang Group က အစည်းအဝေးရှိတယ် .... Summer Design အတွက် Theme အသစ်ရိုက်မယ်တဲ့ ...."

"အင်း .... သွားလိုက်မယ် ..."

ကျိရန်က ပြောပြီးတော့ အပြင်ပြန်ထွက်သွားတော့ ရှောင်းကျန့်ဟာ ပြတင်းပေါက်ကို ပြန်ငေးတယ် ....

ပြတင်းပေါက်ရဲ့ တစ်ဖက်ခြမ်းမှာ မြင်နေကျ တခြားပြတင်းပေါက်လေးဟာ လိုက်ကာမဖွင့်တော့တာ နှစ်လကျော် သုံးလပြည့်ခါနီးဆဲဆဲ ....

သူ တကယ် ရိပေါ့်ကို လွမ်းပါတယ် .....

~~~~~~

Wang Group ဥက္ကဌရဲ့ ရုံးခန်းဟာ ကျယ်ကျယ်ဝန်းဝန်းရှိလှတယ် ...

ဒီ့ထက်ပိုတာက တိတ်ဆိတ်ခြင်းက ခပ်လျလျ ကြီးစိုးနေတယ် ....

"ရိပေါ့်ကို အခုတလော သိပ်မတွေ့သလိုပဲနော် ...."

ရေနွေးကြမ်းအိုးလေးကို ကိုင်ထားတဲ့ ဝမ်ဥက္ကဌရဲ့ လက်တွေဟာ အနည်းငယ်တင်းကြပ်သွားတာကို ....

မြင်ကွင်းထောင့်ကနေမြင်လိုက်တော့ စိုးရိမ်စိတ်က အဖျားရိုက်ခတ်တယ် ....

"ရှောင်းကျန့်ကို အဖိုးပြောစရာရှိတယ် ...."

လေသံကိုက တည်ကြည်လေးနက်နေတဲ့အတွက် ....

EPIPHANY  (Completed)Where stories live. Discover now