14. Let's Warm Up Again

10K 1.4K 31
                                    

(Unicode)

2019

အိမ်ကိုပြန်ရောက်တော့ ညဆယ်နာရီထိုးလုနီးနီးပဲ ....

ရိပေါ်ဟာ ဘေးမှာ ငြိမ်ငြိမ်လေးအိပ်ပြီး ပါလာတယ် ....

ရှောင်းကျန့်ဟာ ဒီကောင်လေးကို နှိုးဖို့ထက် ပွေ့ချီပြီး သယ်သွားဖို့သာ စိတ်အားပြင်းထန်ခဲ့ပုံပါပဲ ...

အပေါ်ထပ်ကို သာသာလေးပွေ့ပြီး သယ်သွားတယ် ... ပြီးတော့ ရိပေါ့် အခန်းထဲက အိပ်ယာပေါ်ချပေးလိုက်တော့ ကောင်လေးဟာ ငြိမ်ငြိမ်သက်သက်လေး ဆက်အိပ်နေတယ် ....

ဆံပင်လေးပါ သပ်ချပေးတော့ မျက်သွယ်တန်းလေးက တွန့်ချိုးပြန်သေးတာ ....

Air con အပူချိန် ညှိပေးပြီး အခန်းထဲက ထွက်တော့မှ ရှောင်းကျန့်ဟာ ရိပေါ့်ကို အင်္ကျီလဲပေးဖို့သတိရတယ် .....

ချွေးအအေးပတ်လို့ နေမကောင်းဖြစ်ရင်လည်း သူပဲ မကောင်းဖြစ်နေပါဦးမယ် ....

တံခါးပြန်ဖွင့်ပြီး ပြန်ဝင် ... ဘီဒိုထဲက ညဝတ်အိပ် အင်္ကျီထုတ်တော့ ဖန်ပုလင်းကြည်ကြည်လေးထဲမှာ ထည့်ထားတဲ့ ပြာမှုန့်တချို့ကို တွေ့ရတယ် ....

တယုတယ သိမ်းထားမှန်း သိသာတာက လက်ဗွေရာတောင်မတွေ့ရတဲ့ ပုလင်းလေး ....

သူများပစ္စည်း စိတ်မဝင်စားတာမို့ ဘီဒို ပြန်ပိတ်ပြီး ရိပေါ် အိပ်နေတဲ့ဆီ ပြန်လျှောက်လာရတော့တယ် ...

အပေါ်ထပ်အင်္ကျီက ကြယ်သီးကို ချွတ်ပေးနေရင်း နောက်ဆုံးကြယ်သီးရောက်တဲ့အခါ အအိပ်ဆတ်တဲ့ရိပေါ်ဟာ နိုးလာပြီး ရှောင်းကျန့်လက်ကို လှမ်းကိုင်တယ် .....

"ဘာ .. ဘာလို့လဲ ....အကို .."

"မင်းကို အင်္ကျီလဲပေးမလို့ ချွေးအအေးပတ်ပြီးသေရင် ငါ့အတာပဲကျမှာလေ ..."

"ဪ .... ရ ရပါတယ် ... ကျွန်တော့်ဟာ ကျွန်တော်ပဲ လဲလိုက်ပါ့မယ် ..."

"ပြီးတာပဲ ...."

အသံမာမာနဲ့ ပြောရင်း အိပ်ခန်းအပြင်ကို ဒုတိယမြောက်ထွက်ခဲ့ရတော့တယ် ....

ဒီကောင်လေးဟာ သူ့စေတနာနဲ့ မတန်တဲ့ ကောင်လေး ....

ရှောင်းကျန့်ဟာ သူအပြောဆိုးတာကိုတော့ မေ့လျော့ခဲ့ပုံရပါတယ် ....

EPIPHANY  (Completed)Where stories live. Discover now