12. Way Back To Past (Grey)

8.9K 1.2K 34
                                    

(Unicode)

*Check the color and take some tissues

2018 / October

"ပန်းဆိုင်မှာ စကားအကြာကြီးပြောနေလို့ အကိုစောင့်နေတာကြာပြီ ....."

အိမ်ရှေ့ရောက်တော့ အကိုက ကားပေါ်ကနေ လှမ်းပြောတယ် ....

"အင်း ဟုတ်တယ် .... ပန်းမျိုးစေ့ဝယ်နေလို့..."

"ရိပေါ်က ပန်းစိုက်ရတာ ကြိုက်တာလား ...."

"အဲ့လိုလည်း မဟုတ်ပါဘူး ....အကို့ခြံထဲမှာ စိုက်မလို့ .... တချို့ပန်းလေးတွေက ညှိုးပြီး ခြောက်တာကခြောက် သေတာကသေနဲ့ ....ဒါအရောင်လှလှလေးပွင့်လာမယ့်ပန်းလေး ....."

"ဘာပန်းလဲ ရိပေါ် ....."

"Forget me not ..."

ဆိုင်ရှင်ကို သူလိုချင်တဲ့ အဓိပ္ပာယ်မျိုးမေးပြီး သေချာရွေးဝယ်လာတဲ့အကြောင်း ....

Forget me not ရဲ့ အဓိပ္ပာယ်ဟာ အလွန်
လေးနက်ကြောင်း ...:

ရိပေါ်ထုတ်မပြောပြမိ ...

ဒီလိုပါပဲ .... ထုတ်မပြောလည်းပဲ မဖြစ်မနေသိစရာမှ မလိုတာ ....

ရိပေါ်က ချစ်ပေးရုံ ....

အကိုက ဒီတိုင်းလေး အချစ်ခံနေရုံ သီးသန့် ....

ပေါက်တူးသေးသေးလေးကိုင်ပြီး ရိပေါ်နားရောက်လာတဲ့အကိုက မြတ်နိုးဖွယ်ရာအတိ .....

"ဘာအရောင်လေးပွင့်လာမှာလဲ ...?"

"ခရမ်းရောင်တဲ့အကို ..."

"မဆိုးဘူး အညိုတွေကြားထဲမှာ ခရမ်းပေါ့ .. ဒါနဲ့ forget me not ပန်းက ဘာအဓိပ္ပာယ်တဲ့လဲ ...."

"ဟမ် .... မသိဘူး ... ဒီတိုင်း ခရမ်းရောင်ပန်းဆိုပြီး မေးဝယ်လာတာ ...."

True Love ဆိုတဲ့ အဓိပ္ပာယ်သာ အကို သိရင် ...

တစ်မျိုးထင်သွားမှာလည်း စိုးထိတ်ရပြန်တယ် ...

"စိုက်လို့ပြီးသွားပြီ ...."

"ဒါ အကို့အတွက် မွေးနေ့လက်ဆောင်နော် ကြိုပေးထားတာ ...."

"ရိပေါ်မွေးနေ့လက်ဆောင်ကြီးက မဟန်လိုက်တာ ကိုယ်ပဲစိုက် ကိုယ်ပဲရေလောင်း အဲ့လိုလား ...? သူများတွေလို အဓိပ္ပာယ်လေးနဲ့ ပန်းပေးတာမျိုးလည်းမဟုတ်ဘူး ...."

EPIPHANY  (Completed)Where stories live. Discover now