17. Please , check the parallel side

10K 1.3K 44
                                    

(Unicode)

မနက်စောစောနိုးတော့ alarm ကို ပိတ်ရပြန်တယ် ....

ပုံမှန်ဆိုနောက်ကျတတ်လို့ Alarm ပေးရပေမယ့် ဒီနေ့ဟာ အကို့မွေးနေ့ဖြစ်တာကြောင့် မြတ်နိုးခြင်းကို ကျင့်သားရနေတဲ့ မြင်လွှာတစ်စုံက စောစောစီးစီး လောကကြီးကို နှုတ်ခွန်းဆက်တယ် ....

ရေခဲသေတ္တာကို ဖွင့်ကြည့်တော့ ညကတည်းက နုပ်နုပ်စင်းထားတဲ့ ဝက်သားတွေကို တွေ့ရတယ် .....

အရင်နှစ်တွေပြန်ပြောင်းပြီး လှည့်ကြည့်မယ်ဆိုရင် အကို့ရဲ့မွေးနေ့တိုင်းမှာ သူဟာ ဖက်ထုပ်ပြုတ်လေးတစ်ခွက် သေသေချာချာလုပ်ကျွေးခဲ့တာ ....

အခု အကို့ကိုလုပ်ကျွေးရင် ....

စားပါ့မလား .....

အဲ့ဒါထက် .....

သူကရော .... ဒီနေ့မှာ အကို့ကို အေးအေးဆေးဆေးဆက်ဆံနိုင်ပါ့မလား ..

မကြောက်မရွံ့ပဲနဲ့လေ .....

ဖက်ရွက်လေးတွေကို သေချာ တစ်လွှာချင်းခွါရင်းနဲ့ စိတ်ကို တည်ငြိမ်အောင်ထားရပြန်တယ် ...

ဒါဟာ နေ့တစ်နေ့ပါပဲ ...

နှစ်ဆယ့်လေးနာရီပဲခံတဲ့နေ့တစ်နေ့မလို့ ချက်ချင်း ပြီးဆုံးသွားမှာပါ ....

ငရုတ်သီးဆီလေးတွေ ဝေ့နေမှ ကြိုက်တတ်တဲ့အကို့အတွက် ငရုတ်သီးဆီချက်ချက်ပြီး ဖက်ထုပ်အစာသွတ်နေတဲ့အချိန်မှာ အကို ထွက်လာသံကို ကြားရတယ် ....

ဆာနေတော့မှာပဲလို့တွေးပြီး ရေနွေးထဲ ဖက်ထုပ်တချို့ ထည့်ပြုတ်တော့ အကို့စကားသံ ချိုချိုလေးက ရင်ခွင်မြစ်ထဲ ဖြတ်စီးသွားသယောင်ယောင် ....

ငါးနှစ်လောက်အထိ မပြောင်းလဲတဲ့ ရိပေါ့်ရဲ့လက်ရာကို အကိုများ ငြီးငွေ့သွားမလား ...

မျက်နှာရိပ်မျက်နှာကဲမဖတ်တတ်တဲ့ ကောင်လေးမလို့ပါ ....

အကို ဗွေမယူဘူးမလား ....

စားနေရင်း အကိုက ဒီနေ့အားမလား မေးလာတဲ့အခါ....

ဟိုးရင်ဘတ်အတွင်းတစ်နေရာက နာကျင်ခြင်းတို့ အစပြုလို့ ...

ဦးနှောက်အနောက်ဘက်ယွန်းယွန်းမှာ ရှုပ်ထွေးခြင်းတို့အဆုံးသတ်ပါတယ် ....

EPIPHANY  (Completed)Where stories live. Discover now