Extra : I love you at all cost (End)

12K 1K 24
                                    

(Unicode)

"အင်း ... ကျိရန် ..."

"....."

"အင်း .... Hot pot အိုးတူးသွားလို့ ... လမ်းကြုံသွားတာပေါ့ ... အဆင်သင့်ပြင်ထားပေး "

"......"

"ရိပေါ်ကြိုက်တဲ့ ချိုင်ရှိဆိုင်ပဲ သွားမှာ သိပ်မဝေးပါဘူး ....."

ဖုန်းပြောတာချပြီးလှည့်ကြည့်တော့ hoodie အမည်းလေးဝတ်ထားတဲ့ ရိပေါ်က ငိုမဲ့မဲ့ ...

"အချစ်ကလည်း hot pot အိုးလေးပဲ ဘာဖြစ်တာမှတ်လို့ ..."

"အကိုကအစပ်ကြိုက်လို့ ... အစပ်တွေထည့်ချက်ထားတာကို ....."

"အော် ... နောက်လည်းစားရမှာပဲဟာ .... လာ ဒီတစ်ခေါက်တော့ အပြင်ထွက်စားတာပေါ့ ...."

ရိပေါ်က ထိုင်ရာကနေထပြီး ရှောင်းကျန့် hoodie ခရမ်းရောင်နုနုလေးပေါ်ကပ်နေတဲ့ ဆံပင်မွှေး သေးသေးလေးကို ဖယ်ပေးပြီး ဘာကြောင့် ဆင်တူဝတ်ခိုင်းသလဲမေးနေသေးတယ် ....

နောက်ပိုင်း ရိပေါ်ဟာ တအားလူကပ်လာသလိုပါပဲ ....

"ဘာလို့ hoodie ကမြေခွေးကြီးလဲ ...."

"ဘာလဲ မကြိုက်ဘူးလား ...."

"ကျွန်တော်က ခြင်္သေ့ပေါက်စလေးကြိုက်တာ ..."

နှာလုံးလုံးလေးကိုဆွဲညှစ်တော့လည်း ပြုံးမြဲပြုံးဆဲပဲ ....

တကယ်ပါ သူဟာ ဒီလိုအဖိုးတန်လေးကို လက်လွှတ်ရတော့မလို့ ....

ချွဲခြင်း ရစ်ခြင်း အလျဉ်းမရှိတဲ့ ရိပေါ်ဟာ ရှောင်းကျန့်ကို အရာရာနားလည်ပေးနိုင်တဲ့ ...

ရင်ခွင်ငယ်လေး ....

နွေမှာဆို အေးမြစေပြီး ....
ဆောင်းမှာဆို နွေးထွေးစေတဲ့ ....
ခိုဝင်ရာ ရိပ်မြုံငယ်လေး .....

ဒီလိုကောင်လေးကို သူ့ပရိတ်သတ်ရှေ့မှောက်ချပြဖို့ သူစဉ်းစားတာ မလွန်ဘူးထင်ပါရဲ့ ....

လက်သေးသေးလေးကို ဆွဲပြီး အိတ်ကပ်ထဲထည့်တော့လည်း ရိပေါ်ဟာ ပါးလေးဖောင်းနေအောင်ပြုံးပြီး ရှောင်းကျန့်ကိုကြည့်ပါတယ် ...

"လာ ... မစောတော့ဘူး ... သွားရအောင် ..."

~~~~~~

EPIPHANY  (Completed)Where stories live. Discover now