4. Wild and soft

12K 1.4K 17
                                    

(Unicode)

"ငါ ဒီည shooting ရှိတယ် ... မင်း နေချင်တဲ့ အခန်းဝင်နေလို့ရတယ် ..."

အိမ်တံခါးကိုဖွင့်ရင်း အကိုက လှမ်းပြောတယ် ...

သူကလည်း မိန်ကလေးမဟုတ်သလို အကိုကလည်း သူ့အပေါ်မေတ္တာမရှိတဲ့အတွက် မင်္ဂလာဦးညဆိုတာ မျှော်လင့်စရာအကြောင်းမရှိမှန်း ရိပေါ်နားလည်တယ် ...

"အကို တစ်ခုခုစားသွားမလား ...?"

"တော်ပြီ .... ငါဗိုက်မဆာဘူး ... ဆာရင်လည်း အပြင်မှာစားလို့ရတယ် ...."

Necktie ကို ဆွဲချွတ်ပြီး အထဲဝင်သွားတဲ့ အကို့နောက်လည်း မလိုက်မိတော့ ....

ဆိုဖာမှာသာ ထိုင်ချပြီး ခဏအနားယူလိုက်တော့တယ် ....

သူလည်း တကယ်ပင်ပန်းလှပါတယ် ....

မှေးကနဲအိပ်ပျော်သွားတယ်လို့ ခံစားရပေမယ့် ... နိုးလာတော့ နံရံပေါ်က နာရီက ခုနှစ်နာရီကို ညွှန်ပြတယ် ....

သူ တော်တော်ကြာ အိပ်ပျော်သွားခဲ့တာပါ ....

အကိုဟာ သူ့ကိုဘာမှမပြောဘဲ ထွက်သွားခဲ့တယ် ....

တစ်ခုခုစားဖို့ မီးဖိုချောင်ဝင်တဲ့အခါ ခေါက်ဆွဲထုပ်တစ်ချို့ကို တွေ့ရတယ် ...

မလုပ်တတ်မကိုင်တတ်မဟုတ်တဲ့ ရိပေါ်က ခေါက်ဆွဲကိုတော့ ကောင်းကောင်းမွန်မွန်ပြုတ်တတ်လေတယ် .....

Oven ထဲခဏနွေးအောင် ထည့်ထားရင်း luggage ကိုဆွဲပြီး အခန်းတစ်ခုရွေးကာ ဝင်ခဲ့တော့တယ် ....

သေချာတာတော့ အကိုက သူနဲ့ တူတူနေမှာမဟုတ်ကြောင်း အခန်းတိုင်းမှာ ရှိနေတဲ့ တစ်ယောက်အိပ်ကုတင်တွေက သက်သေပြနေတယ် .....

လန်းလန်းဆန်းဆန်းရှိအောင် ရေချိုးတယ် ....

လွတ်လွတ်လပ်လပ်ရှိအောင် T shirt တစ်ထည်ကောက်စွပ်ပြီး အခန်းထဲက ထွက်ခဲ့တော့တယ် ...

ခေါက်ဆွဲတွေပွသွားရင် မကောင်းဘူး ..

နောက်နေ့ကျရင်တော့ အကိုပါစားလို့ရအောင် ထမင်းဟင်းတွေ ချက်ရတော့မယ် ....

အကို့အိမ်လေးက တစ်ထပ်တိုက်ပုလေး ...

အခန်းသက်သက်ကန့်ထားတာ သုံးခန်းပဲရှိတယ် ....

EPIPHANY  (Completed)Where stories live. Discover now