7. So Far Away

10.8K 1.4K 19
                                    

(Unicode)

Alarm သံကြားတဲ့အခါမှာ ရိပေါ်ဟာ အိပ်ရာကနေထပြီး နိစ္စဓူဝ အလုပ်ကို လုပ်တယ် ...

ပိုသွားတာက အကို့အတွက် နေ့လည်စာကို တခုပ်တရ ပြင်ဆင်ပေးရခြင်းပဲ ....

မေတ္တာတွေပါ အဆစ်ထည့်ထားပေးတဲ့ ဟင်းလျာတွေမလို့ အကိုအကြိုက်တွေ့ပါစေဆိုတဲ့ မျှော်လင့်ချက်လေးပါ ထပ်ပေါင်းထည့်တယ် ....

"မင်း သွားစရာရှိလို့လား ....?"

မနက်စာအတွက် ကော်ဖီလောင်းထည့်နေတဲ့အချိန် အနောက်ကကြားလိုက်ရတဲ့ အကို့အသံက ...

မစားပဲနဲ့ ဗိုက်ပြည့်စေတဲ့ အသံသာသာလေး ...

"ဗျာ .... ဘာလို့လဲ အကို ....?"

"နည်းနည်း သန့်သန့်ပြန့်ပြန့်ဖြစ်နေလို့ ..."

"ဪ ဟုတ် ... သွားစရာရှိတယ် ... ညီလေးပြန်လာတာ သွားတွေ့မလို့ ...."

"ဪ ....."

ခုံကို ဆွဲယူထုတ်ပြီး ထိုင်လိုက်တဲ့အကိုဟာ ဘယ်တော့မဆို လူကို ယဲ့ယဲ့လေးပဲ ကျန်တော့တဲ့အထိ သဲ့သဲ့လေး ဆွဲယူနိုင်တာကို သိလိုက်ရပြန်တယ် .....

"နောက်ဆို ....."

အကိုဟာ ကော်ဖီခွက်ကိုကြည့်ရင်း ပြောစရာ စကားကို အရှိန်ယူနေပေမယ့် ရိပေါ်ဟာ အလိုက်သိစွာ မတ်ကနဲ ဖြစ်သွားခဲ့တယ် ...

"ဘာမှ မဟုတ်တော့ဘူး ......"

ရှောင်းကျန့်ဟာ black coffee ကိုသာ နှစ်သက်သူဖြစ်တယ် ....

ရိုက်ကွင်းမှာတောင် ရှောင်းကျန့်ဖို့ သီးသန့် black coffee စီစဉ်ပေးရပေမယ့် ...

ဒီမနက်မှာ ဥာဉ်ဆိုးလေးက ထွက်မလာခဲ့ ...

Creamer တွေပါတဲ့ coffee ဟာလည်း ကောင်းတာပါပဲလို့ ရှောင်းကျန့် လက်သင့်ခံရပြန်တယ် ....

"ငါနဲ့ လိုက်ခဲ့လို့ရတယ် .... ဒီနေ့ ကားယူသွားရမှာ ....."

"အကို လမ်းကြုံရဲ့လား ....."

"အင်း ကြုံတယ် .... "

အိမ်တံခါးတွေပိတ်ပြီး ကားပေါ်တက်တော့ ကားမှန်မှာ ချိတ်ဆွဲထားတဲ့ Daffodil ပန်း resin ကီးချိန်းလေးက ရိပေါ်ကို စောင့်ကြိုတယ် .....

EPIPHANY  (Completed)Where stories live. Discover now