11. Way Back To Past (Yellow)

9K 1.2K 15
                                    

(Unicode)

2015 / January

"ဒီလိုနဲ့ပဲ မင်းသမီးလေးဟာ မင်းသားလေးနဲ့ ရဲတိုက်ထဲမှာ သေတပန် သက်တဆုံးနေထိုင်သွားကြတယ် ......"

"ရေး ...!!!"

ကလေးတွေဟာ happy ending ဆို သိပ်ကြိုက်ကြတာပဲ ....

အခုတော့ ပျော်မြူးနေတဲ့ ကလေးလေးတွေ သူ့ဘေးနားခြံရံလို့ ....

ရိပေါ်ဟာ အခုမိဘမဲ့ဂေဟာမှာ ....

အချိန်ပိုင်း လစာမဲ့အလုပ်ဖြစ်တဲ့ ကလေးတွေကို ပုံပြင်ဖတ်ပြတဲ့အလုပ်ကို ကျေကျေပွန်ပွန်ထမ်းဆောင်နေဆဲ ....

"အဲ့ဒါဆို မင်းသားလေးက မကြောက်မရွံ့လာကယ်တာပေါ့နော် .....ဆူးစူးသွားတဲ့ မင်းသမီးလေးကိုလေ ....."

"ဟုတ်တာပေါ့ အားလင်ရဲ့ ...."

"ဘာလို့လဲ ....."

"ဟင် ....."

အာမေဍိတ်သံနောက်က ခပ်ဖွဖွလေသံတိုးတိုးဟာ ရိပေါ်နှုတ်ခမ်းဖျားကနေ တိုးလျလျသက်ဆင်းတယ် ....

"ချစ်လို့ပေါ့ဟ ...."

အားလင်ရဲ့အမေးကို သွက်သွက်လက်လက်ရှိတဲ့ လင်းယွီက ပြန်ဖြေတယ် ....

ဂေဟာက ကလေးတွေထဲမှာ ဉာဏ်အထက်ဆုံးနဲ့ အသက်အကြီးဆုံး အမကြီးမလို့ အကုန်လုံးက ထောက်ခံကြတဲ့ ပုံနဲ့ ခေါင်းတငြိမ့်ငြိမ့်....

"ချစ်လို့ သွားကယ်တာပေါ့ ..... အဲ့မင်းသားလေးကသေသွားရင် ဘယ်လိုလုပ်မလဲ ...?"

"ဒါတော့ ငါလည်းမသိဘူးလေ .... ကိုကိုရိပေါ်ကိုမေး ..."

အားလင်က ဘောင်းဘီစကို လှမ်းဆွဲတော့ ရိပေါ်ဟာ လက်ဖျားအေးစက်စက်တွေနဲ့ အားလင်လက်ကို ဖြည်းဖြည်းဆွဲဖယ်တယ် ...

"ကဲ ... လာလာ .... ကိုကိုတို့ ဓါတ်ပုံရိုက်မယ်လေ ..."

တစ်ပတ်တစ်ခါ လုပ်အားလာပေးတဲ့ ရိပေါ်ဟာ တစ်ပတ်တစ်ခါ ကလေးတွေနဲ့ ဓါတ်ပုံရိုက်ပြီးမှပြန်တယ် ....

ဖုန်းကို ဖွင့်လိုက်တော့ ပေါ်လာတဲ့ missed call ပေါင်းမြောက်များစွာက screen ထက်မှာ နေရာယူထားတယ် ....

အကို ...

အကို့ဆီကချည်းပဲ .... ဆယ်ခါတောင် ....

EPIPHANY  (Completed)Where stories live. Discover now