(Unicode)
(ဒီအပိုင်းဟာ EPIPHANY တစ်ပုဒ်လုံးမှာ effortထုတ်တာ အများဆုံးပါပဲ .... အရမ်း ဆို့နင့်ခဲ့ရတဲ့ Yibo ရဲ့ side ကို ပြချင်တာမလို့ .... ကိုယ်ရေးတာ လိုသွားခဲ့သည်ရှိသော် ကိုယ့်အမှားသာဖြစ်ပါတယ် ... ကြိုးစားထားတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဝေဖန်ချက်ကလေး ထားခဲ့စေလိုပါတယ်)
အင်း .....
ရှောင်းကျန့်အခု အခန်းတစ်ခုရဲ့ရှေ့မှာရောက်နေတယ် .....
ဝမ်အိမ်တော်ရောက်ကတည်းက သူ့ကို မကြည်ကြည့်နဲ့ ကြည့်နေတဲ့ ဝမ်ဟောက်ရွှမ်းက ဒီအခန်းထဲမှာ သူသိချင်တဲ့ အဖြေရှိတယ်လို့ပြောခဲ့တဲ့အတွက် ....
သူဒီအခန်းကိုပဲ တန်းတန်းမတ်မတ်လာခဲ့မိတာ ...
ခြေထောက်က သွေးတွေတောင် မသန့်စင်နိုင်ခဲ့ ...
လေတစ်ချက် မှုတ်ထုတ်ရင်း စိတ်ကိုလျှော့ချလိုက်မိတယ် ....
ဒီတံခါးကို သူဆွဲဖွင့်လိုက်ရင် ...
သူမတွေးခဲ့ဖူးတဲ့ ရိပေါ်ရဲ့ တစ်ဖက်ခြမ်းရှိမယ် ...
အကယ်၍ ဒါကသာ သူနဲ့ သက်ဆိုင်နေမယ်ဆိုရင် ..
သူတစ်သက်လုံး ကိုယ့်ကိုယ်ကို အပြစ်တင်နေရတော့မှာပဲ ....
တံခါးလက်ကိုင်ဖုကို ဖြည်းဖြည်းဆွဲလှည့်တော့ အခန်းဟာ သော့ခတ်ထားပုံရတယ် ....
"ရှောင်းကျန့်မလား ....?"
အနောက်ကနေပြီးတော့ အနည်းငယ် တည်ငြိမ်တဲ့ အသံဩဩကို ကြားလိုက်ရတဲ့အတွက် လှည့်ကြည့်တော့ ....
ရှောင်းကျန့်ထက် အသက်ကြီးမယ်လို့ထင်ရတဲ့ ဦးလေးတစ်ယောက်ကရပ်နေတယ် .....
"ဦးလေးက ဒေါက်တာလီကျိဝေ.... အင်း ရိပေါ့်ရဲ့ စိတ်ရောဂါကု ဆရာဝန်ပေါ့ ....."
ဘာလို့ ရိပေါ်ဟာ စိတ်ရောဂါကုဆရာဝန်နဲ့ ....?
"အဆင်ပြေလား ...? မင်းခြေထောက်ကသွေးတွေ ထွက်နေတာ ....."
"ဟုတ်ကဲ့ .... ရပါတယ် ...."
"ဟောက်ရွှမ်း လှမ်းခေါ်လို့လာခဲ့တာ ..... ဒီအခန်းက သော့ပိတ်ထားတာလေ .... ဦးလေး သော့ကို အမယန်ဆီက တောင်းလာတယ် ...."
YOU ARE READING
EPIPHANY (Completed)
FanfictionEpiphany (n.) a moment when you suddenly feel that you understand or suddenly become conscious of something that is very important to you