Chapter (4) (Uni+zawgyi)

3K 160 0
                                    

"ဘန်နီ......!'' ပန်စီ့ အော်သံကြောင့်
အသက်ဝင်နေသော ပတ်ဝန်းကျင်တစ်ခု ငြိမ်သက်သွားကာ.....''ဘာဖြစ်တာလဲ''ဆိုသော အဓိပ္ပါယ်ပါသည့် မျက်လုံးအစုံများစွာက နေရာတစ်ခုတည်းကိုပင် ပုံအော သက်ရောက်လာခဲ့သည်။ထိုအခါမှ နွေးထွေးနေသော လက်ရှိအခြေအနေလေးကနေ မရုန်းထွက်ချင်မိသော်လည်း ပတ်ဝန်းကျင်ကြောင့် မာဖလာနှင့် သေးသွယ်သော ခါးတို့ကို ကိုင်ထားသော လက်တစ်စုံတို့ မရုတ်သိမ်းချင်ပေမဲ့ ရုတ်သိမ်းလိုက်ရတော့သည်။ မှားယွင်းခဲ့မိသော အနမ်းတစ်စုံတို့ကလဲ ဘယ်သူမှ သတိမထားမိလိုက်သော်လည်း ဖြစ်မိသွားသော ကာယကံရှင် နှစ်ယောက်အဖို့ ရင်ထဲတွင် ဗြောက်အိုးတွေ ဖောက်သကဲ့သို့ ဝုန်းဒိုင်းကြဲသွားရသည်။ ဘန်နီတစ်ယောက်သည်လဲ နီရဲနေသော ခရမ်းချဥ်သီးကဲ့သို့ပင် ဖြစ်သွားကာ မနှုတ်ဆက်နိုင်တော့ပဲ ချက်ချင်း ထွက်ပြေးသွားလေတော့သည်။ ဤအခြေအနေမျိုးဖြစ်သွားပြီးသောအခါ ပန်စီနဲ့ ဟိန်းဇေတို့ ဘန်နီ့အနောက်ကို အပြေးလိုက်ရပြန်တော့သည်။

"စောင့်အုံးလေ ဘန်နီ...'' ပန်စီတစ်ယောက် လှမ်းအော်သော်လည်း ဘန်နီတစ်ယောက် မကြားတော့ပေ။

"ဟျောင်....အဆင်ပြေရဲ့လား..''.....မင်းစက် ခေါ်သံကြောင့် သတိပြန်ဝင်လာသော ရှိုင်းဝေခ တစ်ယောက်...

"အေ....အေး.... ငါအဆင်ပြေ ပါတယ်''

"အေအေ....ပီးရော... လာအတန်းသွားမယ် နောက်ကျနေမယ်....'' မင်းစက်နဲ့ရှိုင်းဝေခတို့ အတန်းသွားရန် ပြင်သည်။
~~~~~~~~~~~~

"ဘန်နီ.....ငါမောလိုက်တာဟယ်...အဆင်ပြေလား...ဘယ်လိုဖြစ်လို့အလောတကြီး ထွက်ပြေးတာတုန်း...'' မောသံဖြင့်ပြောနေသော ပန်စီတစ်ယောက် ခုံပေါ်တွင် အရောင်မကျသေးသော ခရမ်းချဉ်သီး မျက်နာလေးနှင့် မလှုပ်မယှက်ဖစ်နေသော ဘန်နီ့ကို ကြည့်ကာ ပြောနေသည်။(ပန်စီနက် ဟိန်းဇေကိုပဲ သနားတယ် အမြဲ ပြေးလွှာနေရတာပဲ😂😂😂)

"အာ့တာ နောက်မှ မေးတော့ တီချယ်လာပီ စာအရင်သင်ရအောင်...'' ဟိန်းဇေကို ပန်စီကို ပြောလိုက်သည်။ ဟိန်းဇေတစ်ယောက် ဘန်နီ့ခေါင်းလေးကိုကိုင်လိုက်ကာ ''relax..ဘန်နီ...စာသင်ကြမယ်နော်'' ဆိုကာ တီချယ်ကို နှုတ်ဆက်ရင်း စာတွေသင်နေကြသည်။ ဤအချိန်တွင် စာကို အာရုံ မရောက်သော သူကား ဘန်နီပင်။ ကန်တင်းတွင် ဖြစ်သွားသော အခြေအနေတစ်ခုက ဘန်နီ့ကို ဇာတ်ကားတစ်ပုဒ် loop oneလုပ်ထားသလိုပင်။ အမှတ်မထင်ဖစ်သွားသော အနမ်းတစ်စုံတို့က နှလုံးသားကို ကိုင်လှုပ်သွားစေမယ်လို့ ဘန်နီတစ်ယောက် တစ်ခါမှ မတွေးခဲ့ဖူးပင်..။အတွေးများစွာ ဖြင့် တစ်နေ့လည်လုံး တွေးရင်းပင် ကုန်ဆုံးသွားသည်။
~~~~~~~~~~~~~~~~~~

Invisible love (Uni+zawgyi)(complete)Where stories live. Discover now