Chapter (28) (Uni+zawgyi)

1.1K 60 2
                                    

Ring...ring..ring..(alarm) ပုံမှန်မြည်နေကြ alarmလေးကတော့ မနက်၈နာရီဆိုသည်နှင့် မပျက်မကွက် မြည်နေသည်။ ဘန်နီတစ်ယောက် alarmမြည်သံ ကြောင့် အိပ်နေရာမှ နိုးလာတော့သည်။ ထို့နောက် ဘေးရှိဖုန်းကို ယူလိုက်ကာ ကြည့်လိုက်မိတော့ ဖုန်းcallရော messageပါမရှိပေ။
"ဟင်...မနှိုးတေးဘူးလားမသိဘူး...ဘာမှခေါ်ထားပို့ထားတာလဲမရှိဘူး....ညက ညနက်တော့ အခုထိ အိပ်မောကျနေတာနေမှာ....လှမ်းနှိုးအုံးမှပဲ..'' contact iconကို ထောက်ကာ "My VIP💓'' ဆိုသော contact လေးအား ထောက်ကာ ခေါ်လိုက်တော့သည်။

အခုထိ တုန့်တုန့်မလှုပ်သော ရှိုင်းဝေခ။ လုံးဝ အိပ်မောကျနေသည်။ အထိန်းတော်ကလဲ လာနှိုးရန် မေ့နေသည်။ဖုန်းမြည်သံကြားတော့မှ ရှိုင်းဝေခ တစ်ယောက် ပေကလယ်ပေကလယ်ဖြင့် မျက်လုံးလေး ပွင့်လာကာ ဖုန်းကို လှမ်းယူလိုက်သည်။

"စောစောစီးစီးကွာ..ဘယ်သူလဲ..'' သေချာစွာကြည့်လိုက်တော့...

"My Bae💜'' အဲ့တော့ မျက်လုံးပြူးမျက်ဆံပြူး ဖုန်းကို ချက်ချင်း ကိုင်လိုက်သည်။

"Hello ခလေး..''
"ထတော့လေ...ဘယ်အချိန်ရှိပီလဲ ''
"အစောကြီးရှိတေးတယ် မဟုတ်ဘူးလား...''
"တွေ့လား ဖုန်းစကိုင်တော့ နာရီကို အရင်မကြည့်ပဲနက်...''
"ဟင်အင်း..ကိုက ခလေးဖုန်းခေါ်တာကို အရင်ကြည့်တာ...''
"အပိုတွေကလုပ်ပီ...ထတော့ ကိုကို..ကျောင်းသွားရမယ်..''
"ဟုတ်ကဲ့ ခလေး..အမိန့်အတိုင်းပါဗျ...''
"အင်း...ထတော့နော်..အလုပ်တစ်ခုပေးမယ်..''
"ဘာအလုပ်လဲ ပြောလေ ခလေး..''
"အမ်.....ခလေးကို လာကြိုရမယ်..''
"အာ့တာ အလုပ်လား ခလေးရဲ့ လာခေါ်ပါ့မယ် ပြင်စရာရှိတာ ပြင်တော့နော်...ဟုတ်ပီလား..''
"ဟုတ်ပါပီ...အာ့ဆို တာ့တာနော်..''
"နေအုံး...ခလေး..''
"ဘာဖစ်လို့လဲ ကို..''
"အာဘွားပေးသွားအုံး...''
"အာဘွား...ရပီလား..''
"ရပီ..😊'' လိုချင်တာရသွားသောကြောင့် ပျော်နေသော ရှိုင်းဝေခတစ်​ယောက်။ ဘန်နီလဲ ပြောပီသည်နှင့် ဖုန်းကို ချလိုက်တော့သည်။ ထို့နောက် ဘန်နီလဲ ရေချိုးအဝတ်အစားလဲကာ မနက်စာ မစားရတေးတော့ အောက်ထပ်သို့ ဆင်းလာတော့သည်။

"သခင်လေး...ဒီမှာ မနက်စာစားသွားအုံး...''
"ဟုတ်ကဲ့ပါ ကြီးခင်...''
"ဒီနေ့ မျက်နှာလေးက ပြုံးလို့ ရွှင်လို့ပါလား...''
"ဟီးဟီး...ဒီလိုပါပဲ ကြီးခင်..''
"ဟုတ်ပါပီရှင့် ဒီလိုလေး ပျော်ပျော်လေးနေရင် ကြီးခင် ဝမ်းသာတယ်..''
"ဟုတ်ကဲ့ပါ စိတ်မပူပါနဲ့ ကြီးခင် သား အဆင်ပြေပါတယ်...။'' ကြီးခင်လုပ်ပေးထားသော မနက်စားလေးအား စားရင်း သတိရသွားလေသည်။..

Invisible love (Uni+zawgyi)(complete)Where stories live. Discover now