Chapter (17) (Uni+zawgyi)

1.6K 75 2
                                    

9:AM.... ဘိုးဘွားရိပ်သာ တစ်ခုတွင် အဘိုးနှင့်အဘွားများအတွက် ဆေး၊အစားအစာ၊ ဝေယာဝိစ္စ အားလုံး သွားရောက် လျှူဒါန်းလုပ်ကိုင်နေလေသည်။ အဘိုးအဘွားတွေနှက့်အတူ စကားတွေပြောကြရင်း ပျော်ရွှင်နေသော ဘန်နီ့အား ကြည့်ကာ ရှိုင်းဝေခတစ်ယောက် ကျေနပ်နေသည်။ ယခုလိုဆိုတော့လဲ အမြဲ ဘုကလန့်တိုက်နေသည့် ခလေးဆိုးလေးက
တခြားသူပြောင်းသွားသလိုပင် အချိန်တိုင်းချစ်ဖို့ကောင်းနေလေသည်။အဝေးကနေ ဘန်နီ့ကို ကြည့်နေကာ ပြုံးနေလေသည်။ထို့နောက် ဘန်နီက အဝေးကနေ ရှိုင်းဝေခ အား လှမ်းခေါ်လေသည်။....

"အာ့အို..ရှိုင်းလာလေ...''အဲ့တော့မှအပြင်ကလေ လက်ပိုက်ကြည့်နေသော ရှိုင်းတစ်ယောက် အထဲသို့ ဝင်လာလေသည်။..ထို့နောက် ဘန်နီ့က သူ့အနားတွင် ထိုင်ရန် လက်ဆွဲ ခေါ်လိုက်ကာ..
"အဘိုးနဲ့အဘွားတို့ ဒါက သားသူငယ်ချင်း ရှိုင်းဝေခတဲ့။ဒီနေ့ မားမားက မလိုက်ပေးနိုင်လို့ အာ့ခေါ်လာတာ။...''
"ငါ့မြေး သူငယ်ချင်းလေးက ချောချောသန့်သန့်လေးပဲ။ငါ့မြေးလေးသာ မိန်းကလေးဖစ်လို့ကတော့ အဘွားကတော့ ပျော်နေမှာ..'' အဲ့စကားကြောင့် ဘန်နီကတော့ မျက်နာကြီး ရဲတက်သွားကာ ရှိုင်းကတော့ ရီနေသည်။....
"ကျွန်တော်လဲ သဘောကျမှာ အက်လိုဆို...'' ရှိုင်းဝေခ ဗိုက်ကို ဆွဲလိမ်လိုက်ကာ....
"ဘွားဘွားကလဲ....'' ဘန်နီကတော့ ရှက်ရှက်ဖြင့် လျှောက်ပြောနေလေသည်။..ထို့နောက် ဘန်နီနဲ့ ရှိုင်းတို့လဲ ပြန်ရန်အတွက် အဘိုးနဲ့အဘွားတို့အား နှုတ်ဆက်ပီးနောက် ထွက်လာခဲ့လေသည်။...အပြန်လမ်းတွင် နှစ်ယောက်သား တိတ်တဆိတ် ဘာမှမပြောကြပဲ လမ်းလျှောက်လာကြသည်။
"အား......'' ဘန်နီတစ်ယောက် ခြေထောက် ခေါက်သွားလေသည်။ နမော်နမဲ့ဖြင့်ဘယ်လိုတွေ ပြာယာခက်ပြန်ပီလဲတော့ မသိ....။ ရှိုင်းတစ်ယောက် အသံကြားတာနက်ချက်ချင်း ပြာပြာသဲသဲဖြင့် အနောက်လှည့်ကာ ဘန်နီ့အား ကောက်ထူလိုက်သည်။ထို့နောက် ဘေးရှိခုံတန်းလေးတွေ ထိုင်ခိုင်းလိုက်ကာ....
"ခလေးကွာ...ရှက်ပြာရှက်ပြာနဲ့ '' ဘန်နီ့ခြေထောက်လေးအား အသာအယာကိုင်ကာ နိုပ်နယ်ပေးနေသည်။ ထို့နောက်..
"လမ်းမလျှောက်နဲ့တော့...လာ..''ဆိုကာ ကျောပိုးသွားလေသည်။ဘန်နီလဲ ရှိုင်းခေါ်ရာအနောက်ကို ဘာမှမပြောတော့ပဲ လိုက်သွားရလေသည်။ ထို့နောက် ကားတံခါးဖွင့်ပေး ကာ ဘန်နီ့အား ချပေးလေသည်။ရှိုင်းလဲ နေ့လည်မရောက်မှီ လုပ်စရာရှိတာဖြင့် ကားပေါ်တက်ကာ...
"ခလေး....''
"ဟမ်း.....''
"ပန်စီတို့ကို ဖုန်းဆက်ပီးပီ...ခလေး ကျွေးဖို့အတွက်လဲ စားသောက်ဆိုင်စီစဥ်ထားပေးတယ်...''
"Hok lar... အာ့တာဆိုလဲ သွားကြမယ်လေ..'' ချိန်းထားသော နေရာသို့ အမှီရောက်အောင် သွားကြလေသည်။..
~~~~~~~~~~~~~~~~~

Invisible love (Uni+zawgyi)(complete)Where stories live. Discover now