Chapter (43) (Uni+zawgyi)

834 44 0
                                    

"ကျွန်တော့်ကို ချစ်နေတေးတာလား?..''
"ဟမ်း.....!''
"ဘာမှ မဟုတ်တော့ပါဘူး...သွားစရာရှိတာသွားတာပေါ့...''
"အင်းပါ...'' အစတွေ့ကတည်းက စကားနည်းနည်းပါးပါးပြောဖစ်ပေမဲ့ အခု သွားရာလမ်းမှာတော့ နှစ်ယောက်သား စကားပင်မပြောဖစ်ကြတော့ပေ။ လေယာဥ်ပေါ်ရောက်တော့လဲ ညက မအိပ်ထားလို့လားမသိ တန်းအိပ်နေလေသည်။ pansyကတော့ မျက်လုံးလေးမှိတ်ကာ အိပ်နေသော ရှိုင်းဝေခကို ကြည့်ကာ..သဘောတွေကျကာ ပြုံးနေလေသည်။

"ရှိုင်းရယ်....အဖြစ်မှန်ကို သိသွားရင်ကော ဒို့ကို ချစ်အုံးမှာလား..?။ အို...အာ့တာက အရေးမကြီးပါဘူး..ရှိုင်းကို ငါပိုင်ဆိုင်ရင် ရပီ။ ကျန်တာ သူမချစ်ပဲ ငါပဲ ဆက်ချစ်မယ်..'' နှုတ်ကနေ တိုးတိုးလေးရေရွတ်ကာ ခရီးလမ်းတစ်လျှောက် ရှိုင်းဝေခ မျက်နှာလေးကိုပဲ ကြည့်သွားလေတော့သည်။...
~~~~~~~~~~~~~
"ဟယ်လို...bunny!'' အနောက်မှလှမ်းခေါ်လာသော ဟိန်းဇေ။ မနက်ကတည်းက အိမ်မပြန်တေးပဲ မိမိတို့ပြန်အလာကို စောင့်ဆိိုင်းနေသော သူအတွက် အိမ်ပြန်ပီး နားနားနေနေ နေဖို့အတွက် ရောက်လာခြင်းဖစ်လေသည်။
"အော်.ဟိန်းရောက်လာပီလား..''
"အင်း...ပြန်ပီး နားရင် နားလေ အခုရက်အတွင်း စိတ်ပင်ပန်းနေမှာပေါ့..''
"ဟုတ်တယ်...ခနနားမလို့ပဲ... အခုလိုပြောတော့ ကျေးဇူးပဲ...''
"ရပါတယ်.''
"ဒါနဲ့ အကိုမင်းစက်ကော မပါဘူးလား..?''
"အော်....ဟုတ်တယ်...။သူက သွားစရာရှိလို့ မလာတာတော့မဟုတ်ဘူး။လာတော့လာမယ် နောက်ကျမှာ...''
"Aww hok par p...။ အာ့တာဆို bunnyပြန်လိုက်အုံးမယ်နော်...''
"အင်းပါ...'' bunnyလဲ ထိုင်နေရာမှ ထသွားကာ သွားမယ်လုပ်တော့ လက်ထဲတွင်လဲ ကားသော့က မပါ ဒီအတိုင်းလက်ဗလာဖြင့် ထွက်သွားတာကို ဟိန်းဇေကို မြင်သွားတော့ သော့ကို ယူကာ လိုက်လေသည်။ ခပ်ယိုင်ယိုင်ဖြင့် တစ်လှမ်းခြင်းလျှောက်နေသော bunnyလက်ကို လှမ်းဆွဲလိုက်ကာ...

"Bunny!..ဒီမှာ..ကားသော့...။နောက်ပီး အဆင်ကောပြေရဲ့လား..။ငါလိုက်ပို့ရမလား..''
"ရပါတယ်...''
"ဘာကိုရပါတယ်လဲ...လာ...လိုက်ပို့မှရတော့မယ်..'' ဟိန်းဇေလဲ ပျော့ခွေခွေဖစ်တော့မည့် bunnyကို တွဲသွားကာ အောက်ထပ်သို့ ဆင်းသွားလေတော့သည်။ bubble teaလေးနှစ်ခွက်ကိုင်ကာ လမ်းလျှောက်လာသော မင်းစက်တစ်ယောက် အရင်ရက်တွေကနှင့်မတူ တက်ကြွနေလေသည်။ နှစ်ခွက်မှာ တစ်ခွက်က မိမိသောက်ရန်ဖစ်ပီး ကျန်တစ်ခွက်ကတော့ ဟိန်းဇေအတွက်ပင်။ ဟိန်းဇေနှင့် တတွဲတွဲရှိနေစဥ်တစ်လျှောက်အတွင်း ဟိန်းဇေနေတိုင်းလိုလိုသောက်ဖစ်သည့်အရာ ဖစ်သည့်အတွက် မှတ်မိနေသည်။ ထို့အတွက် စိတ်က ဖော်ပြချင်းမရှိ အလိုလျောက် သောက်စေချင်၍ ဝယ်လာလေသည်။ သို့သော် သွားနေရင်း တွေ့လိုက်ရသည်ကား မင်းစက်၏ စိတ်ကို ရိုက်ချိုးလိုက်သလိုပင် တစ်ခုခုက စိုက်ထိုးလိုက်သလိုပင်ဖစ်သွားလေသည်။ ကိုင်ထားသော လက်တို့ကလဲ ပြုတ်ကျမတက် တုန်ရီနေသည်မို့ ဝေးရာကို လှမ်းကာ ရှောင်လိုက်လေသည်။ ထိုမြင်ကွင်းက ဟိန်းဇေက bunnyကို ကားထဲသို့ ချီကာ ထည့်ပေးနေလေသည်။ မင်းစက်ကတော့ အကြောင်းပြချက်မရှိ အရင်ကလဲ ဟိန်းဇေက bunnyကို ကြိုက်နေမှန်းလဲ သိသည်။ မိမိကိုယ်တိုင်လဲ စဖူး နှောက်ဖူး ပြောဖူးပေမဲ့ အခုရက်ပိုင်းအတွင်း ဟိန်းဇေနှင့်ပတ်သတ်လျှင် အရာအားလုံးက ပုံမှန်မဟုတ်သလိုခံစားနေရလေသည်။ ဒါဟာ ဘာကြောင့်ပါလိမ့်။ အခုလဲ သူ့အတွက် အချိန်တိုင်း သူ့အတွက် ဆိုတာကြီးက မစဥ်းစားပဲ ခေါင်းထဲတွင် ဒဲ့တိုး ပေါ်ပေါ်လာတတ်လေသည်။ ဒါဟာ ဘာပါလိမ့်။ သံယောဇဥ်? အချစ်? သူငယ်ချင်းဂရုစိုက်မှု? အဲ့အထည်းက ဘာများဖစ်နိုင်ပါ့မလဲ။ Bunnyကား ထွက်ခွာသွားပီးတော့မှပဲ တိုင်အနောက်မှာ ပုန်းနေသော မင်းစက် တစ်ယောက်ထွက်လာကာ Bubble teaလေးအား ပြန်လာမှပဲ ပေးလိုက်မယ် ဆိုသော စိတ်ဖြင့် လူနာအခန်းဆီသို့ပဲ လျှောက်သွားလေတော့သည်။ လူနာအခန်းသို့ရောက်သော် ကော်ဖီခွက်လေးအား ခုံပေါ်တွင် တင်ထားလိုက်ကာ ဖုန်းကို ထုတ်လိုက်ရင်း ဖုန်းဆက်နေလေသည်။

Invisible love (Uni+zawgyi)(complete)Where stories live. Discover now