Chapter (53) (Uni+zawgyi)

1.4K 48 0
                                    

အချစ်ဟာ... လူတစ်ယောက်ကို ပြောင်းလဲနိုင်စွမ်းရှိတယ်တဲ့။ ဒါပေမဲ့ ကောင်းသောပြောင်းလဲခြင်းနှင့်အတူ ဆိုးသောပြောင်းလဲခြင်းတို့ကလဲ အမြဲ ဒွန်တွဲစွာ ရှိနေတတ်သည်။ ချစ်တဲ့အချစ်ဟာ စစ်ပေမဲ့ မကောင်းတဲ့ဘက်ရောက်ပီး မျက်စိကွယ်သွားတတ်ကြတယ်။ တချို့သော အချစ်တွေကြ ဒီလိုဖစ်လာစေဖို့အတွက် ဖန်လာသလိုမျိုး။
နှစ်ဦးနှစ်ဖက်ချစ်နေကြပေမဲ့လို့ တစ်ယောက်က အတ္တဆန်နေရင်လဲ မဖစ်ပေ။ အချစ်ကြီးလို့ ၊ပိုင်ဆိုင်ချင်လို့ ၊ငါမှငါပဲ ဖစ်ရမဲ့ဆိုတဲ့ စိတ်ကြောင့် လူတစ်ယောက်ဟာ အမှောင်ထဲကနေ ရုန်းမထွက်နိုင်ပဲ ရှိနေသည်။ မကောင်းမှုက အရိပ်လိုလိုက်လာမယ်ဆိုတာကို သိသိရက်တောင် ငါမှမပိုင်ဆိုင်ရရင် ဘယ်သူမှ မပိုင်ဆိုင်ရဘူးဆိုတဲ့ စိတ်တွေကြောင့် အမုန်းနွံထဲ ကျနေတာတောင် စိတ်ကို မလျှော့တေး။

သင်္ကြန်အကျနေ့~~~~~

လေဆိပ်မှ ဘယ်သူမှ မထင်မှတ်ပဲ အစောကြီး ရောက်ချလာသည်။ ခရီးဆောင်အိတ်လေးကို ဆွဲကာ မရောက်တာကြာပီ ဖြစ်သော ပတ်ဝန်းကျင်ကို တစ်ပတ်လည်လိုက်ကြည့်လိုက်ကာ အနံ့အသက်တို့က အတိတ်ကို ပြန်မြင်ယောင်လာစေသည်။ ဒီနေ့ဟာ နောက်ဆုံးနေ့လဲ ဖြစ်နိုင်သလို ၊ ဒီနေ့တွေ့ခဲ့ရင်တောင် နောက် ဘယ်တော့မှ မတွေ့နိုင်တော့ပဲ နေ့ပဲ ဖြစ်သည်။ အင်္ကျီအရှည်ရဲ့ အိတ်ကပ်ဆီမှ ဖုန်းကို ယူလိုက်ကာ အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ လေဆိပ်ကနေ တဖြည်းဖြည်းအပြင်သို့ ထွက်ခွာလာပြီးနောက် နွေရာသီရဲ့ အငွေ့အသက်လေးတွေနဲ့ တစ်ချိန်က အမှတ်တရလေးတွေက မျက်လုံးထဲမှာဟိုပြေးဒီပြေးဖြစ်နေစဲပင်။ မထင်မှတ်စလောက်ခလေး ပြုံးနေမိသည်။

"ကျွန်တော်ရောက်ပါပီ မမလေး...'' လာခေါ်သည်နှင့် ကြည့်လိုက်တော့ ....

"မင်းသွားလို့ရပီ... ငါပဲ သွားလိုက်တော့မယ်..''

"ကျွန်တော် မမလေးနဲ့ပဲ လိုက်မှာ..''

"ရူးနေတာလား..။ ဒီကိစ္စသာ မိသွားရင် မင်းပါ ထောင်ထဲ လိုက်ရလေ့မယ်..။ ငါစကားကို လိုက်နာစမ်းပါ။ ဒါ မင်းအတွက် ငါ့စကားပဲ။ မလိုက်ရဘူး...။ ငါပေးထားတဲ့ ပိုက်ဆံနဲ့ ဘဝအသစ်နဲ့ စလိုက်ပါ..''

Invisible love (Uni+zawgyi)(complete)Where stories live. Discover now