Chapter (38) (Uni+zawgyi)

876 44 0
                                    

Ring~~~~ring~~~📲📲📲
"ဟာ...မနက်အစောကြီးဘယ်သူလဲကွာ..အိပ်ရေးမဝပါဘူးဆိုနေမှ...'' ပွစိပွစိဖြင့် ဘန်နီတစ်ယောက် ဖုန်းကို လှမ်းယူကာ ကိုင်လိုက်လေသည်။
"Hello.....''
"သားငယ် မထတေးဘူးလား ဒီနေ့ pansyတစ်လပြည့်လေ နည်းနည်းပါးပါးကူအုံးမှပေါ့ ဒီကလေးကတော့...''
"ဟုတ်ကဲ့ပါ မားမားရာ ထမှာပေါ့ အစောကြီးရှိတေး~~~''
"ဘယ်ကစောတော့မှာလဲ ဒီအချိန်မပြင်လို့ ဘယ်အချိန်ပြင်မှာလဲ တရားလဲ မနာဘူး အဲ့ချိန်မလာနိုင်ရင် ကူတဲ့အချိန်တော့လာမှပေါ့...''
"ဟုတ်ကဲ့ပါဗျာ..ထပီ....''
"ဟုတ်ပီ...သားငယ် မြန်မြန်လာ..''
"ဟုတ်ဟုတ်..... '' တီ~~~~~~~ ဖုန်းကို ချလိုက်ကာ ဆံပင်တွေကို ထိုးဖွရင်း မျက်နှာကြီးဆူပုတ်နေလေသည်။ ဘေးနားက လှုပ်နေတာကြောင့် ရှိုင်းဝေခပင် နိုးသွားလေတော့သည်။ ထူးထူးဆန်းဆန်းအစောကြီး နိုးနေသော ဘန်နီကြောင့် ရှိုင်းလဲ မျက်လုံးလေးကို ပွတ်ရင်း
"ခလေး....စောလိုက်တာ...''
"ဟုတ်တယ် အစောကြီးပဲ မားမားလေ အတင်းတွေလာခိုင်းနေလို့....''
"အော်ဟုတ်သားပဲ သွားကြမယ်လေ..ရေချိုးကြမယ်..''
"သွားချိုးနှင့်လေ....တစ်ရေးလောက်အိပ်အုံးမယ်...''
"ဟာ.....ဘာတစ်ရေးလဲ အချိန်မရှိပါဘူးဆို...လာအတူတူချိုးမယ်...'' စကားဆုံးသည်နှင့် ဘန်နီ့ကို ကောက်ကာ ချီသွားလိုက်တော့
"ဟာကွာ.....မချီနဲ့လွှတ်....😣''
"မရဘူး....လာ...ရေချိုးကြမယ်...'' ဆိုကာ ရေချိုးခန်းထဲသို့ ဝင်သွားလေတော့သည်။
~~~~~~~~~~~
ဒေါက်......ဒေါက်.....ဒေါက်.... လမ်းကို တစ်လှမ်းခြင်းလျှောက်ကာ အရင်အိမ်ကို ပြန်လာသော pansy..။ သူ့ရဲ့ တစ်လပြည့်ဆိုပေမဲ့ အရင်က pansyမဟုတ်တော့ပဲ ယွန်းလဲ့ မျက်နှာဖြင့် pansyပေ။
"အော်...သမီးက...?'' Bunnyအမေက လုပ်အားကူပေးရင်း ဧည့်သည်ဝင်လာသောကြောင့် လှမ်းမေးလေသည်။
"သမီးက...pan...အော်..ယွန်းလဲ့ပါ...''
"သမီးကို မြင်ဖူးသလိုပဲ...''
"မြင်ဖူးမှာပေါ့ အန်တီ။ သမီး မနေ့ညက bunnyပွဲမှာ တက်ရောက်တယ်လေ..။အာ့တာကြောင့်အန်တီမြင်ဖူးနေတာ..သမီးက ရှိုင်းရဲ့ bkက သူငယ်ချင်းလို့ပြောလို့ရသလို ငယ်ငယ်ကတည်းက သိတဲ့ သွေးမတော်တဲ့ အမလို့လဲ ပြောလို့ရပါတယ်..''
"အော်....ဟုတ်ပါပီ..ဒါဆို သမီး အထဲဝင်လေ...တရားနာတော့ မှီအောင်တော့မလာလိုက်ဘူး..''
"အော် ဟုတ်တယ် အစောကြီးကြပြန်တော့ အိပ်ရာမနိုးလို့ပါ...'' မျက်နှာချိုလေးနှင့်ပြောကာ အထဲသို့ လမ်းလျှောက်ကာ ဝင်သွားလေတော့သည်။

Invisible love (Uni+zawgyi)(complete)Where stories live. Discover now