Chapter (13) (Uni+zawgyi)

1.8K 117 4
                                    

              ရှိုင်းဝေခ၏ ရုတ်တရက် ကောက်ချီလိုက်မှုကြောင့် ဘန်နီ တစ်ယောက် နည်းနည်းလန့်သွားကာ သေးငယ်သော အသံလေးတစ်ခု ပွင့်ထွက်လာခဲ့သည်။ ဘယ်သူမှမရှိဘူးဆိုပေမဲ့လဲ ထိုသို့ အခြေအနေကို ဘန်နီက စိတ်ထဲက ကျေနပ်နေသော်လည်း အပြင်ပန်းမှာတော့ မကြိုက်နှစ်သက်သော ပုံစံမျိုးပင်။
             "အာ့.....''
ရှိုင်းဝေခ ကျောပြင်ကို ဘန်နီက သူ့လက်ခလေးဖြင့် ထုနေကာ ရုန်းနေသည်။
            "လွှတ်ပေး...ခင်ဗျားကြီးနော်...လွှတ်ပေး...'' ရုန်းနေသော ဘန်နီကို အရှေ့သို့ ပထုတ်ပီး ရင်ခွင်နားသို့ ကပ်လိုက်ကာ....
            "ထပ်ရုန်းနေမယ်ဆိုရင် မင်းနှုတ်ခမ်းတွေကို ပဲ့ကျသွားအောင် ငါနမ်းပစ်မှာ😈😈'' ထိုစကားကြောင့် ဘန်နီလဲ ကြောက်သွားကာ တိတ်တိတ်ခလေးငြိမ်သွားရှာတော့သည်။ထို့နောက် ပြန်ချီသွားကာ အရောင်းဌာနသို့ သွားလေတော့သည်။...

      "အက်မယ်မယ်......ဒါတွေက ဘလိုဖစ်လာတာလဲ....''   စီနီယာfujoshiအမကြီးတွေက ဝိုင်းက စပ်စုနေကြလေသည်။ ဓာတ်ပုံခိုးရိုက်တဲ့သူက ရိုက်၊ shipတဲ့သူက shipနဲ့ အဆင်တွေပြေနေကြလေသည်။ ပြောချင်လဲ ပြောစရာဖစ်ကြသည်မှာ ရှိုင်းဝေခနဲ့ ဘန်နီတို့ကလဲ လုံးဝ လိုက်ဖက်တဲ့ အတွဲလေးလိုပင် ချစ်ဖို့ကောင်းနေလေသည်။ အရောင်းနေရာတစ်ခုရှိ လေထုကြီး တစ်ခုလုံး ပန်းရောင်များ ပြောင်းလဲသွားသလား ထင်မှတ်ရသည်။ ထို့နောက် ရှိုင်းလဲ ဘန်နီ့အား ချီလာရာမှ ချပေးလိုက်ကာ..
      "ဟို...ဘာမှမဟုတ်ပါဘူး..ဘန်နီက လာခါနီး ခြေနည်းနည်းခေါက်သွားလို့ ကျွန်တော်က ချီလာတာပါ....'' ရှိုင်းဝေခက အေးတေအေးစက်ဖြင့် ဘာမှမဟုတ်သလိုပင် ပြန်ဖြေနေသည်။ အေးဆေးတည်ငြိမ်သော ယောကျာ်းတစ်ယောက် အခုလိုမျိုးကြတော့ အတွင်းစိတ်က ခန့််မှန်းရ ပြန်ခက်သွားလေပြန်သည်။...
       "အိုဟိုး...ဟုတ်လို့လား...'' စီနီယာfujoshiမမက ရှိုင်းဝေခအနားသွားလိုက်ကာ....
       "ဟေး...သိတယ်နော်..ဖွင့်ပြောလိုက်တော့..မမ..အားပေးတယ်..သိလား..သဘောတူတယ်...''ထိုစကားကို ရှိုင်းဝေခလဲ မသိမသာလေး ပြုံးလိုက်ကာ ကျေနပ်နေမိသည်။..ထိုအပြုံးတို့ကို ဘန်နီကတော့ မသိ ဆူရှီများ ရောင်းရန်အတွက် ဗန်းလေးဖြင့် လုပ်စရာရှိတာလုပ်နေသည်။..ဘန်နီအနားကို ကပ်လာသော အမကြီး တစ်ယောက်။
        "A...o. အမကြီးမေသော်..ဘာဖစ်လို့လဲ...'' sushiများအား စီရီအား  တစ်ချက်လှည့်ကြည့်ရင်း ပြောနေသည်။(AN/စီနီယာfujoshiအမကြီးနော်..)
       "အမ်း.....ခလေး...မောင်လေးရှိုင်းနဲ့က ဘယ်လိုသိတာလဲ...'' မေသော့်အမေးကို ဘန်နီလဲ ပြန်ဖြေကာနေသည်။
       "ကျောင်းစစဖွင့်တုံးကပါ ပြေးရင်းနဲ့ တိုက်မိတာ.. တွေ့တဲ့ပုံစံက အဆိုးနဲ့စတာပါ..'' 
       "Awww....မမအမြင်လေ  ခလေးကို မောင်လေးရှိုင်းက ကြိုက်နေတာလားမသိဘူးနော်..'' ထိုစကားကြောင့် ဘန်နီလဲ ကြောင်သွားကာ..
       "ဟမ်း...!!!'' ထအော်လိုက်ကာ ရှိုင်းဝေခ အားကြည့်နေလေသည်။ ရှိုင်းဝေခတစ်ယောက် မုန့်မရောင်းပဲ ခုထိ မတ်တပ်ရပ်ကြီး ဘန်နီ့ကိုပဲ ကြည့်နေသည်။ ထို့နောက် ဘန်နီလဲ မေသော်ဘက် ပြန်လှည့်လိုက်ကာ..
      "ဟုတ်လို့လား...အမကြီးမေသော်ရ...''
     "ဟုတ်တာပေါ့..မမက အဲ့နေရာမှာဆို ကျွမ်းပီးသား😎။ ရှိုင်းကို ကြည့်လိုက်တာနဲ့ ခလေးပေါ် ဘယ်လိုသဘောမျိုးလဲ ဆိုတာ သိပ...မမကို ယုံလိုက်စမ်းပါ..။ဟီးဟီး..''
     "အော်.....ဟုတ်ပါပီဗျ...''
     "အဟိ..ခလေးလဲ သဘောကျနေတာမှတ်လား...''
      မေသော်၏ လူအကဲအခတ်မြန်မှုကြောင့် ဘန်နီတစ်ရောက် မျက်နှယ တစ်ခုလုံးရဲတွတ်လာလေသည်။....ထိုအခြေအနေကို မြင်ရသော မေသော်ကတော့ fujoshiပီပီ...အတင်းအရောက်ပို့တော့မည်ဖစ်လေသည်။..
       "မမ ပြောတာ တကယ်မှန်နေတာပဲ...ကံကောင်းပါစေ..ခလေး..လာဖွင့်ပြောရင် တန်းသာ လက်ခံလိုက် မမ...ခလေးရဲ့ မားလုပ်ပေးမယ်...ဟုတ်ပီ..လား..ခစ်ခစ်..မမသွားတော့မယ်...။ဒီနေ့စ အဆင်ပြေပါစေနော်...'' 
       "Hok ke🤢''  ရှက်နေသော ဘန်နီကတော့ ဟုတ်ကဲ့အပြင် ဘာမှမပြောနိုင်ရှာပေ။... မေသော်ထွက်သွားပီးနောက် ရှိုင်းဝေခတစ်ယောက် ဘန်နီ့အနားသို့ ရောက်လာလေသည်။...
       "ခလေး...ကို..ဘာရောင်းရမှာလဲ..'' ဘန်နီလဲ တစ်ချက်လှည့်ပီး မျက်စောင်းလေးထိုးကာ..
       "ခင်ဗျားမမြင်ဘူးလား..ဒီမှာ..ဘာတွေချထားတာလဲဆိုတာ..။'' မျက်စောင်းလေးထိုးနေသော ဘန်နီ့မျက်နာလေးနားအား ကပ်လိုက်ကာ...
      "မမြင်ဘူးလေ...အစားအသောက်တွေထက် ကိုက ခလေးလေးကိုပဲ မြင်နေတာ..။ခလေးလေးကိုသာ ရောင်းရင် ကိုက တစ်လောကလုံးထက် ဦးအောင် ဝယ်မှာ😋'' ပြုံးပြုံးကြီးဖစ်နေသော မျက်နှာထား။ လူကို သေလောက်အောင် ဆွဲဆောင်နေပါသော်လဲ သတိထားရမည် ဖစ်သော ဘန်နီတစ်ယောက် ဘာမှမဖစ်သလို စိတ်ကို ထိန်းထားရလေသည်။
        "အပိုတွေ အရမ်းပြောတာပဲ... ဒီမှာ.. ထည့်...'' အစားအသောက်များအား လက်ညိုးထိုးပြကာ ပြောနေသောဘန်နီ့အားကြည့်ရင်း
       "အာ့တာဘာတွေလဲ ခလေး...'' အမေးအမြန်းများသောကြောင့် ဘန်နီလဲ စိတ်မရှည်လာတော့ကာ နှုတ်ခမ်းလေးထော်ကာ ဆူပုတ်နေလေပြီ။ထို့နောက်..
      
      "Harrr...ခင်ဗျားဗျာ တအားရစ်တာပဲ..။ ဒါက sushi၊ ဒါက sashimi..၊ ဒါက RA-MEN...။ဟုတ်ပီလား...'' ဆူပုတ်ပုတ်ဖြင့် ရှင်းပြနေသော ဘန်နီမျက်နှာလေးအကြည့်ကာ စိတ်တွေကျေနပ်နေလေသည်။ ဘန်နီကလဲ လာဝယ်ရင် မသိမှာ စိုး၍ အစအဆုံး ရှင်းပြသည်။ အားလုံးသိနေသော်လည်း ဘန်နီရှင်းပြနေတာကို နားထောင်ချင်၍ တမင် မေးနေတာဖြစ်သည်။ ဘန်နီလဲ စျေးနဲ့ တကွ အပီးရှင်းပြပီးနောက် ရှိုင်းဝေခ အား...
       "ရပီလား...''ဘန်နီ့အား တစိမ့်စိမ့်နေမိသောကြောင့် ဘာမှမကြားလိုက် ချစ်စရာကောင်းသော မျက်နာလေးက မျက်လုံးထဲတွင် စွဲနေအောင် ရိုက်သွင်းထားချင်မိသည်။ ထို့နောက် အသိပြန်ဝင်လာကာ..
      "Aww..... အင်...အင်း...'' ရှိုင်းလဲ အစားအသောက်များ ထည့်ကာ ဘန်နီနဲ့အတူ စားသုံးသူများအား ခေါ်ဆောင်လေသည်။...
      ကြောင်ပုံစံလေးနှင့် ဘန်နီ့ဆီသို့ စိတ်က ရောက်နေ၍ မုန့်ရောင်းနေတာတောင် မေ့ချင်နေသလိုလို...။ ရှိုင်း၏ ရုပ်ရည်ကြောင့် တခြားမေဂျာမှ လာဝယ်ကြသော မိန်းကလေးများကလဲ ဆူညံနေလေသည်။.. ရှိုင်းနှင့်အတူ ဓာတ်ပုံရိုက်သူက ရိုက်၊ ရှိုင်းကလဲ လာဝယ်သူများအား ပြုံးချိုစွာဆက်ဆံနေလေသည်။ ထိုအရာကို တလှည့်လှည့်ကြည့်နေရင်း ဘန်နီခမျာ စိတ်တိုနေရှာသည်။
      "ခင်ဗျား...လုပ်ထားအုံး...မိန်းကလေးတွေအများကြီးကပ်နေတာကို ပြုံးဖြီးနေတာပဲ..အမြင်ကတ်ဖို့ကို ကောင်းတယ်..ဘယ်လိုလူကြီးမှန်းမသိဘူး...'' ဘန်နီတစ်ယောက်တော့ ပါးစပ်ကနေ တစ်တွတ် တွတ်ဖြင့် ပြောနေလေသည်။...
 
       တွေးနေစဥ်ဘန်နီ့ရဲ့ ပထမဆုံး ဝယ်သူ ရောက်လာလေသည်။ 
       "ဟို...ဒါဘာတွေလဲ ခဗျာ့...'' ဘန်နီကလဲ သူ့ဆီ ပထမဆုံးလာသူ့မို့ ရှင်းပြနေလေသည်။ ရှင်းပြပီးနောက် ဘန်နီက..
       "အကို..က..''
       "Aww...chineseကပါ''
       "Aww...အကို မြည်းကြည်ပါ အရမ်းစားလို့ကောင်းတာ...''
       "အကိုက ဒါတွေမမြည်းချင်ဘူး..ညီ့ကို မြည်းလို့ရမလား...'' ထိုစကားကြောင့် ဘန်နီလဲ ဘာလုပ်လို့ လုပ်ရမလဲ မသိဖစ်သွားသည်။ထိုအခြေအနေကို မြင်နေရသော ရှိုင်းဝေခတစ်ယောက် ဘန်နီ့ကို စိတ်ပူလာသောကြောင့်မုန့်ဗန်းကို ချလိုက်ကာ.. ''ခနနော်..''

Invisible love (Uni+zawgyi)(complete)Where stories live. Discover now