Chapter (45) (Uni+zawgyi)

884 44 0
                                    

မနက်ခင်း နေလေးကလဲ သာယာနေသည်မို့ pansyတစ်ယောက် ရှိူင်းဝေခနှင့် အပြင်လည်ရန်အတွက် ထိုင်စောင့်နေလေသည်။ ရေချိုးပီး ပြင်ဆင်နေသော ရှိုင်းဝေခကို စောင့်ဆိုင်းနေရသည်မှာ အိပ်ပါပျော်တော့မလို့ပင်။ ပီးမှ သပ်သပ်ရပ်ရပ်ဝတ်စားကာ အခန်းထဲမှ ထွက်လာသော ရှိုင်းဝေခ။

"အမယွန်း... စောင့်နေတာကြာပီလား..''
"မကြာပါဘူး...ဖုန်းသုံးရင်း စောင့်နေတာဆိုတော့ မသိသာလိုက်ဘူး..''
"အင်းပါ ဒါနဲ့ ပါးကော...''
"အန်ကယ်လား....company သွားပီ...''
"အင်းပါ... အာ့တာဆိုလဲ သွားကြတာပေါ့..''
"ရှိုင်းကားယူသွားမှာလား ယွန်းကားနဲ့ လိုက်မှာလား..''
"အမယွန်းကားနဲ့ပဲ လိုက်တော့မယ် ကျွန်တော် ကားမောင်းချင်စိတ်လဲ မရှိဘူး..''
"အင်းပါ..ကယ် ခနမေ့ထားစမ်းပါ လာ သွားကြမယ်...''
Pansyတစ်ယောက် ရှိုင်းဝေခလက်ကို လှမ်းဆွဲလိုက်ကာ ခေါ်သွားလေတော့သည်။
~~~~~
Pansyတစ်ယောက် ကားမောင်းနေရင်း ခေါင်းရှုပ်ပီး စိတ်ညစ်နေသော ရှိုင်းဝေခကို လှည့်ကြည့်ကာ...

"ရှိုင်း... ဘာတွေတွေးနေတာလဲ..''
"ဒီအတိုင်းပါပဲ...''
"ယွန်းနဲ့ မင်္ဂလာကိစ္စလား.. ?''
"အင်းဟုတ်တယ် အမယွန်း....။'' ထို့နောက် pansyဘက်ကို လှည့်လိုက်ကာ...

"အမယွန်းပဲ မယူနိုင်ဘူး ရည်ရွယ်ထားတဲ့သူ ရှိနေပီလို့ ပါးကို ပြောလိုက်ပါလား..''

"အမ်း...... မပြောနိုင်ဘူး ရှိုင်း...''

"ဘာလို့ အမယွန်း.. အမယွန်းပဲ နောက်ဆုတ်ပေးတယ်ဆို ဘာလို့ ပါးကို မပြောရတာလဲ..''

"အဲ့တုံးက ပြောလိုက်ပေမဲ့ ရှိုင်းကို ချစ်နေတုံးပဲ ဒီအခွင့်အရေးကို မ မစွန့်လွှတ်နိုင်ဘူး..'' ထိုသို့ ပြောလိုက်သော် လည်း ရှိုင်းဝေခစီမှ စကားတစ်ခွန်းမှပင် ထွက်မလာတော့ပေ။ နှုတ်ဆိတ်ကာ တစ်ယောက်ထည်းပြန်တွေးနေပြန်သည်။
~~~~~~~~~~~~~~

ကျွီ...... တံခါးဖွင့်ကာ ဝင်လာသော bunny။ အခုထိ နေ့တိုင်း လူနာစောင့် မပျက်စောင့်နေသော မင်းစက်နဲ့ ဟိန်းဇေ။ ဝင်လာသော bunnyကို ကြည့်နေကာ ဟိန်းဇေက..

"Bunny နေရတာ အဆင်ပြေသွားပီလား..''
"ပြေသွားပါပီ.. အခု companyကနေ ပြန်လာတာ.. ''
"အော်...အခြေအနေကရော...''
"Companyကတော့ ဒီအတိုင်းပါပဲ တခြား ထွေထွေထူးထူးတော့ မရှိပါဘူး...''
"အော် အင်းပါ...''
"Bunny ဟိုကောင်နဲ့ အဆက်အသွယ်ရလား..''
" ဟုတ် ရပါတယ် အကိုမင်းစက်။ ဒါပေမဲ့ သူ့အသံက တစ်ခုခုကို စိုးရိမ်နေသလိုပဲ။ နက်ဖြန်လောက်ပြန်လာမယ်ပြောတယ်...''

Invisible love (Uni+zawgyi)(complete)Where stories live. Discover now