Chapter (54) (End)

3.6K 76 4
                                    

        "ရှိုင်း.....!! Bunny.....!!'' 

         မီးပွားစလေးတွေနဲ့ မီးတွေက ဂိုဒေါင်တစ်ခုလုံးကိုပါ လှိုက်စားကာ ဝါးမြိုနေလေပြီ။မီးအရှိန်ကလဲ ပြင်းလာပီမို့ အနားတောင်ကပ်ဖို့ တော်တော်တောင် စဥ်းစားယူရလေမည်။ မီးသတ်ကားခေါ်ရင်လဲ ကြာတော့မှာမို့.. မင်းစက်လဲ ခန္ဓာကိုယ်ကို ရေလောင်းချကာ ရေစိုအဝတ်ကို နှာခေါင်းတွင် အုပ်ထားပီး ဝင်ချသွားလေသည်။ မီးကလဲ တဖြည်းဖြည်းများလာပေမဲ့လဲ ကံကောင်းစွာနဲ့ပဲ ရှိုင်းဝေခနှင့် bunnyကို တွေ့သွားလေသည်။ ပေါက်ကွဲခါနီးမှာ တိုင်ကီတွေထားထားတဲ့ အနောက်ကို ချီကာ ပြေးဝင်ကာ ခနပုန်းလိုက်သောကြောင့် ကံကောင်းသွားသည်။ သို့သော် ပေါက်ကွဲတဲ့အရှိန်ကြောင့် ရှိုင်းဝေခ၏ခြေထောက်ပေါ်သို့ တိုင်ကီက ပိနေသည်။ ထလို့လဲ မရ။ bunnyကိုလဲ စိတ်တွေပူနေကာ...ကိုယ်လွတ်ဖို့အတွက် မစဥ်းစားတော့ပဲ...

       "Bunnyကို ခေါ်သွားတော့..။ငါ့ကို ထားခဲ့လိုက်...။ သူသွေးထွက်လွန်လို့မဖြစ်ဘူး။...''

       "မင်းက ဘယ်လိုလုပ်မှာလဲ...''

        "ငါ့ကို ထားခဲ့လိုက်တော့....။မင်းငါ့ကို ကယ်ချင်တယ်ဆိုရင်တောင် နှစ်ယောက်အားနဲ့ မင်းဘယ်လိုမှ မဖစ်နိုင်ဘူး။ မီးခိုးတွေတအားများလာရင် အသက်ရှူဖို့ ခဲယဥ်းသွားမှာ..'' ခန္ဓာကိုယ်တစ်ခုလုံးလဲ ပေကျံနေကာ ဒဏ်ရာတွေနဲ့ ဖြစ်နေတာတောင် မေ့လဲ့သွားတဲ့ bunnyကိုပဲ ကယ်ဖို့ပဲ ပါးစပ်က တစ်ဖွဖွပြောနေသည်။ မင်းစက်ကတော့  နှစ်ယောက်လုံးက ချစ်ရတဲ့ သူငယ်ချင်းကလဲ ဖြစ်တော့ နှစ်ယောက်လုံးကယ်ဖို့ လုပ်လေတော့သည်။ တိုင်ကီကို အားသုံးကာ ဆွဲဖယ်လိုက်ကာ ရှိုင်းဝေခကို ကျောပိုးစေသည်။ အရှေ့ကလဲ bunnyကို ချီထားကာ... စိတ်ကို တင်းထားပီး ထွက်ပေါက်ကလဲ မဝေးသည်မို့ အားအကုန်ထုတ်သုံးကာ ပြေးသွားသည်။ bunnyရဲ့ ဝိတ်က သိပ်မရှိပေမဲ့လို့ ရှိုင်း၏ ခန္ဓာကိုယ်က လေးလှသည်။

       အပြင်သို့ရောက်တော့ ဘုန်းခနဲ ခွေကျသွားကာ မင်းစက်လဲ မောနေသည်။
       "လူနာယာဥ်ခေါ်ထားပီးပီလား..။ ဒီမှာဒဏ်ရာ ရထားတယ်...''

       "ခေါ်ထားပီးပါပီ...ခနနေရောက်လာတော့မှာပါ...'' မေ့လဲနေသော bunnyစီသို့ ခြေတစ်ဖက်ထည်းနဲ့ ထော့နဲ့ ထော့နဲ့ လျှောက်လာကာ...ထိုင်ရက်လေး bunnyခန္ဓာကိုယ်လေးကို ပွေ့လိုက်သည်။ ဖြူဖွေးနေသော မျက်နာလေးက မီးဒဏ်ကြောင့် ရဲတွတ်နေသည်။ မျက်နှာလေးကို လက်လေးဖြင့် အသာယာလေးပွတ်ကိုင်နေကာ..

Invisible love (Uni+zawgyi)(complete)Where stories live. Discover now