Chapter (10) (Uni+zawgyi)

2.1K 153 2
                                    

              "ကိုကို...'' စားသောက်ဆိုင်တစ်ခုတွင် ဘာမှမစားပဲ အပြင်ကိုငေးနေသော ရှိုင်းဝေခကို ပန်စီက ဂရုတစိုက်စွာ လှမ်းခေါ်နေသည်။
             "ဘာဖစ်နေတာလဲ...စောနကတည်းက ငိုင်တိုင်တိုင်နဲ့...ဘာကိစ္စများရှိလို့လဲ...''
             "ဘာမှမဖစ်ပါဘူး ကို ဒီအတိုင်းတွေးစရာရှိလို့ပါ...စားစရာရှိတာစားလေ..''
             "ဟုတ်ပါပီရှင့်.. အာ့ဆို..စားပီးရင် ပန်စီတို့ ဓာတ်ပုံလိုက်ရိုက်ရအောင်နော်...ကိုကို''
          "Awww....inn....inn'' အဲ့ထက်မပိုသော replyတစ်ခု..ဘာကြောင့်မှန်းရယ်မသိ ဟိန်းဇေနဲ့ အတူထွက်သွားသော ဘန်နီ့အား စိတ်ထဲတွင် မတင်မကျဖစ်နေသည်။
~~~~~~~~~
တစ်ဖက်တွင်.....
           "ဘန်နီ...'' ဘေးနားကိုကပ်ကာ ခေါ်လိုက်သော ဟိန်းဇေ။အနားနားလာကပ်ပြောသောကြောင့် နည်းနည်းလေး တုန်လှုပ်သွားကာ....
           "ဟင်....''
           "ဟိုဆိုင်သွားရအောင်လေ...အဲ့ဆိုင်အရမ်းကောင်းတယ်...'' စားသောက်ဆိုင်တစ်ခုကို လက်ညိုးထိုးပြကာ ဘန်နီ့အား ခေါ်သွားလေသည်။
           "လာပါ ဘန်နီရဲ့... '' လက်ကလေးအား နူးညံ့စွာ ဆွဲကိုင်လိုက်ကာ.... လူကြားထဲတွင် ပြေးသွားလိုက်ပုံကား ထိုနေရာတွင် နှစ်ယောက်တည်းပဲ ရှိနေသလိုပင် လွတ်လပ်စွာ..
            တံခါးဖွင့်ကာ လူသူရှင်းသော ထောင့်ဆုံးမှ ခုံတစ်ခုကို ရွေးချယ်လိုက်ကာ

          "ဘန်နီ...ဒီမှာထိုင်....'' ခုံလေးကို ဖယ်ပေးရင်း ထိုင်ရန် မျက်စောင်းလေးဖြင့် ခုံကို ထိုးပြသည်။ မင်းသားက မင်းသမီးလေးကို ဧည့်ခံနေသလိုပင်။ ဘန်နီလဲ ထိုင်လိုက်ကာ...
          "အက်မယ်..ဘယ်ဆိုးလို့လဲ...လူကိုစိတ်ကျေနပ်နိုင်အောင်တော့ လုပ်တတ်သား'' မျက်ခုံးလေးပင်ကာ ကြည့်၍ပြောနေသည်။.
          "အော်...အဲ့လိုပဲဖစ်ရမှာပေါ့..တခြားသူမှမဟုတ်တာ...ကို့ရဲ့ ဘန်နီလေးပဲ...😊😊'' တစ်ဖက်ထိုင်ခုံတွင် ထိုင်ကာ အလှပဆုံးပြုံးကာ ပြောနေသူကား ဟိန်းဇေပင်။
           "Aww....ပြောတတ်ပ..ဘယ်သူက ခေါ်ခွင့်ပေးလို့..ကို့ရဲ့ဘန်နီဖစ်သွားရတာလဲ..ကြိုးစားခွင့်လေးပေး တာကို...အဆင့်ကကျော်ချင်တေးတယ်..ဟွန့်...တော်တော်တတ်..'' မျက်နှာဆူပုတ်က လူကိုဝါးစားတော့မလိုဖစ်သော ဘန်နီတစ်ယောက်...။စိတ်ဆိုးနေပါသော်လည်း.. မျက်လုံးထဲတွင် ထင်ရက်စရာ တစ်ကွက်မှမရှိ အလွန်ချစ်ဖို့ကောင်းနေသည်။..ထိုနောက် စားစရာများ မှလိုက်ကာ လာချပေးပီးနောက် ဘန်နီတို့ ဘယ်ကတည်းက ဗိုက်ဆာနေလဲ မသိ အပေါ်ဖုံးကို ချွတ်လိုက်ကာ အားရပါးရစားနေလေသည်။ ဘန်နီစားနေတာကို ကြည့်ရင်း ဗိုက်ဆာနေတာတောင် မသိတော့ပေ ။အချစ်တွေများ စားသုံးနေရသလိုပင် အစားစားရင်တောင် ချစ်ဖို့ကောင်းနေသော ခလေးလေးတစ်ယောက် ဟော့ဒီက လူကို အရမ်းဆွဲဆောင်ပီး နှောင်ချည်ထားတာ ဘယ်လောက်ထိ ခံရခက်ပါလိမ့်။ ''ခင်ဗျား...ရှိုင်းဝေခဆိုတဲ့ ခင်ဗျား..ကျုပ် ဘန်နီလေးကို နာကျင်အောင် လုပ်ကြည့် အလွှတ်မထားဘူး''... စိတ်ထဲကနေ ကြိမ်းလိုက်ကာ မေးလေးထောက်ရင်း ဘန်နီ့အား ကြည့်နေလေသည်။

Invisible love (Uni+zawgyi)(complete)Where stories live. Discover now