Chapter (18) (Uni+zawgyi)

2.1K 109 7
                                    

တီ......တီ....။အိမ်ရှေ့တွင့် ကားဟွန်းတီးသံကြားရလေသည်။ကြီးခင်က သူငယ်ချင်းတွေနဲ့နောက်ကျမယ်ထင်နေတာ စောစောပြန်ရောက်လာသောကြောင့် နည်းနည်းပင် အံ့သြနေလေသည်။အိမ်ရှေ့သို့ အမြန်ပြေးလာပီး ခြံတံခါးဖွင့်ပေးလိုက်သည်။....ကားလဲ အိမ်ထဲတွင် ရပ်ထားလိုက်ကာ...ဘန်နီနဲ့ရှိုင်းတို့ ဆင်းလာလေသည်။ရှိုင်းတစ်ယောက် ကားအနောက်ဖုံးကို ဖွင့်လိုက်ကာ ဝယ်လာသော ပစ္စည်းများအား တစ်ယောက်ထည်းထုတ်နေလေသည်။ဘန်နီကတော့ တစ်ချက်မှ လှည့်မကြည့်။ထိုအခါ ကြီးခင်ပဲ သွားကူလိုက်တော့သည်။ ထို့နောက်...

"အာ့အို...ကြီးခင်..မားမားကပြန်ရောက်နေပီလား....''
"အင်း...ပြန်ရောက်နေပီ..သခင်လေးရဲ့..ရေချိုးပီး အခန်းထဲမှာလေ...''
"Aww......'' အိမ်ထဲသို့ ဝင်ကာ ထမင်းစားခန်းတွင် ဝယ်လာသော အရာများ ချလိုက်လေသည်။ထို့နောက် ရှိုင်းကို ဧည့်ခန်းတွင်ခနထားကာ...ဘန်နီက ကြီးခင်ကို...
"ကြီးခင်....ကိုရှိုင်းကို အအေးလေးလုပ်ပေးလိုက်အုံး...တစ်လမ်းလုံး သားဒုက္ခပေးထားတယ မောနေရောပေါ့...ဟီးဟီး....''
"အေးပါကွယ်..ကြီးခင်လဲ မြင်ပါတယ်.။ကြီးခင် အအေးလုပ်လိုက်ပါ့မယ်..'' ကြီးခင်လဲ အအေးလုပ်ရန် ထွက်သွားလေသည်။ ဘန်နီလဲ ပစ္စည်းတွေ စစ်ပီးနောက် ရေခဲသေတ္တာထဲ ထည့်ကာ ဧည့်ခန်းဆီသို့ ရောက်လာလေသည်။...

"ကိုကို....''
"ခလေး...ရရဲ့လား..ခေါ်လို့...''
"ရတယ်လေ...မားမားမှမရှိတာ..အပေါ်ထပ်မှာ..အေးဆေးပေါ့..''
"လာပါအုံး..ငါ့ခလေးကရဲတင်းနေလိုက်တာ..ချစ်စရာလေး..'' မတ်တပ်ရပ်နေသော ဘန်နီ့အား ဆွဲလိုက်ကာ ပေါင်ပေါ်တွင် ထိုင်စေပီး လည်တိုင်ကို နမ်းနေလေသည်။....
"အာ့...တော်ပီ..ခနနေ ကြီးခင်လာတော့မယ်...ရဲတင်းတာတွေ ထိန်းတော့..ချလးကိုချစ်ရင်...'' ရှိုင်းဝေခနှာခေါင်းလေးအား လက်ခလေးဖြင့် ပွတ်လိုက်ကာ ပြောနေလေသည်။အိမ်မှာလဲ လူကြီးတွေ ရှိနေပေလို့ပဲ အဆိုပါ ကလေးနှစ်ယောက် လုပ်ချင်တိုင်းလုပ်နေကြလေသည်။ ထို့နောက် ဘန်နီလဲ အပြင်ကပြန်လာသည်မိုလို့ အခန်းထဲတွင် လုပ်စရာရှိတာ လုပ်ရန် တက်နှင့်လေသည်။...ထို့နောက် ကြီးခင်လဲ အအေးနှင့်တကွ ရောက်လာလေသည်။အအေးကို ရှိုင်းအား ချပေးကာ..
"ကောင်လေး...သခင်လေးက ဆိုးတယ်..စိတ်ရှည်ပေးတာ ကျေးဇူးနော်..ဒီနေ့လည်းကြည့်ပါလား ကူသယ်ပေးမယ်ဆိုတာ မရှိပဲ သူ့စိတ်ချည်းပဲ'' ကြီးခင် အပြောကို ရှိုင်းက တစ်ချက်ရီနေကာ

Invisible love (Uni+zawgyi)(complete)Where stories live. Discover now