Chapter (34) (Uni+zawgyi)

1.1K 49 4
                                    

တော်တော်တန်တန်ကြာပီးနောက် အေးစက်သော လေညှင်း၊ ပန်းနုရောင်သန်းကာ ချစ်စဖွယ်ကောင်းနေသော sakuraပွင့်ဖတ်တို့၏ အနံ့၊ အေးစိမ့်စိမ့်ရာသီဥတုတို့က ဂျပန်နိုင်ငံသို့ စဝင်သည်နှင့် ပြောစရာမလိုအောင် ရင်ထဲသို့ သိနေရလေပြီ။ အခုထိ အိပ်နေသော ဘန်နီကတော့ သိဖို့မပြောနှင့် အိပ်နေရာမှ နှိုးဖို့ပင် တော်တော်လုပ်ယူရလေမည်။ ရှိုင်းကတော့ ရောက်တော့မည်ကို သိနေသော ကြောင့် ဖြေးဖြေးချင်း လှုပ်ကာ နှိုးနေလေသည်။ အင်းအွန်းကလွဲပီး မလှုပ်သော ဘန်နီက ညကလဲ အိပ်ရေးမပျက်ပဲ ဘာလို့ ဒီလောက်ထိအိပ်နေလဲ ရှိုင်းလဲ စဥ်းစားမရ။ အာ့တာနဲ့ ရှိုင်းဝေတစ်ယောက် မထူးဘူးဆိုကာ ချီမယ်အလုပ် အတွင်းရေးမှူးက ရှိုင်းကို...

"အကို ဒီလိုလုပ်လို့မရဘူးလေ..ကျွန်တော်ပဲ နှိုးလိူက်ပါမယ်...'' ဘန်နီ့ နားကို ယားလာအောင် လုပ်နေလေသည်။ အဲ့တော့မှ နိုးလာသော ဘန်နီ။
"အာ....ဘာဖစ်နေတာလဲ....''
"ရောက်ပီလေ...ခလေး...ဆင်းရတော့မယ်...ထမှဖစ်မှာပေါ့.....''
"အော်...မသိပါဘူး...'' ရှိုင်းဝေခ တစ်ယောက် အနောက်လှည့်ကာ မေးနေသည်။
"ဘန်နီက ဘာလို့ အဲ့လိုလုပ်ရတာလဲ...''
"အော်...ဘန်နီက အဲ့အတိုင်းပါပဲ နားကို ယားအောင်လုပ်တယ်ဆို သူက ငယ်ငယ်ထဲက ခြင်တို့ ဘာတို့ နားနားမှာ ဆူအောင် လုပ်နေရင် လုံးဝ မအိပ်ဘူး အာ့တာကြောင့် ဒီလိုလုပ်ပီး နှိုးလိုက်ရတာပါ...''
"အော်.....အဲ့လိုလား...ဟုတ်ပီဟုတ်ပီ..ကျေးဇူး...''
"ရပါတယ်....'' ထို့နောက် လေယာဥ်ပေါ်ဆင်းလာကြလေသည်။ လေယာဥ်ကွင်းတွင့် စောင့်ဆိုင်းနေသော အန်တီမေ ဘန်နီ့အမပါ ပါလေသည်။ ဘန်နီ့အမကတော့ စတွေ့ကတည်းက သွားကြီးဖြီးကာ ပါးစပ်စိမရဖစ်နေလေသည်။ ဘန်နီကတော့ သိနေသောကြောင့် မျက်မှောင်ကျုံ့ကျုံ့ဖြင့် ကြည့်နေလေသည်။

"သားငယ် မြန်လိုက်တာ...မားမားက စောင့်နေတာ...''
"အခုတော့ မြင်ရပီမှတ်လား...'' ဆိုကာ သားအမိဖက်နေကြလေသည်။ ဘေးကတော့ ရှိုင်းကတော့ ဒီအတိုင်းကြည့်နေရလေသည်။ ယောက္ခမကြီးအရှေ့မှာဆိုတော့ ဘာမှလုပ်ပြလို့မရ။ အန်တီမေလဲ ရှိုင်းကိုကြည့်ကာ.....

"သားရှိုင်းက လိုက်သာ လိုက်လာတာ အိမ်ကိုရော ပြောပြထားလား..''
"ရပါတယ်..သားက ကိစ္စမရှိပါဘူး အိမ်က စိတ်ချပါတယ်...''
"အေးပါကွယ်..ပြောပြထားတော့ ပိုကောင်းတာပေါ့..ကယ်ကယ် စကားပြောတာ နည်းနည်း ကြာသွားပီ အရင်ဦးဆုံး အိမ်မှာ နားအုံးပေါ့ ပီးမှ လျှောက်သွားချင်လဲ သမီးလိုက်ပို့လေ့မယ်လေ..''
"ဟုတ်ကဲ့....အာ့ဆို သွားကြမလား...''
"အေအေ...'' ဆိုကာ အတူတူသွားလေသည်။ ရောက်ကတည်းက ရှိုင်းနားကပ်ဖို့မပြောနှင့် ရှိုင်းအနားဆီ ရောက်ကို မရောက်ပေ။ ဘန်နီအမက ရောက်လာကတည်းက ဘန်နီ့ကို အနားသို့ ခေါ်ထားကာ တတွတ်တွတ် မေးနေလေသည်။ထို့နောက် အိမ်ကို ကားမောင်းကာ ပြန်သွားတော့လဲ လုံးဝမကပ်ရပေ။ ရှိုင်းဝေခတစ်ယောက် ပိုပီး ချစ်ပြချင်လို့ ခေါ်လာပါတယ်ဆိုကာမှ အမက အပိုင်စီးထားတော့ ဘာမှမလုပ်တတ် အရှေ့ထိုင်ခုံတွင် လက်ကြီးပိုက်ကာ ဆူပုတ်နေလေသည်။ ဘန်နီကတော့ ဘေးက စကားပြောနေတဲ့ အမကိုလဲ မမြင် အရှေ့ကိုသာကြည့်ကာ ရှိုင်းဝေခ မျက်နှာကို မြင်တော့ စိတ်ကောက်နေမှန်းသိနေလေသည်။ သို့သော်လည်း အခုကတော့ မတတ်နိုင်တေးပင် အိမ်ရောက်မှ အဝချော့တော့မည်ဟုဆိုကာ ခန မေ့ထားလိုက်လေသည်။

Invisible love (Uni+zawgyi)(complete)Where stories live. Discover now