Chpter 2

2.4K 180 2
                                    

Gun 🖤

     အပြင်အင်္ကျိမထူမပါးလေးတစ်ထည်ကိုကျောင်းအင်္ကျီအပေါ်မှထပ်၀တ်ကာလက်ထဲ၌လက်ကိုင်ပုဝါလေးတစ်ခုကိုင်ပြီး Gun တစ်ယောက်အတန်းထဲ၀င်လာခဲ့သည်။

"မနေ့ကဘာလို့ကျောင်းမတက်တာလဲGun"

Fluke ရဲ့အမေးကြောင့်လက်ကိုင်ပုဝါလေးကိုအုပ်လိုက်ပြီး

"အဟွတ် ..... "

ချောင်းဆိုးလိုက်တော့

"မနေ့ကမိုးမိသွားတာမလား Gun"

သူငယ်ချင်းကတောင်Gun အ‌ကြောင်းသိနေပြီ။

"အင်းဟုတ်တယ်။တစ်ယောက်ယောက်ကို
ငါ့ထီးငှားလိုက်တာ မိုးရေထိသွားလို့
နဲနဲကိုယ်ပူပြီးဖျားသွားတာ"

"အင်းပါ ဂရုစိုက်ဦး
မနေ့ကသင်တာတွေငါပြောပြမယ်"

ဖတ်စာအုပ်လေးထုတ်ကာ
နှစ်ယောက်သားခေါင်းလေးပူးကပ်ပြီး
တစ်ယောက်ကစာရှင်းပြ‌တော့
နောက်တစ်ယောက်က
အသေအချာနားထောင်နေလေသည်။

ရုတ်တရက်အတန်းထဲကကောင်မလေးများက

"ဟိုး.. ဟိုမှာ P'Off
သူကအရမ်းခန့်တာဘဲ"

တစ်ယောက်တစ်ပေါက်စကားသံများကြောင့်
အကြည့်ကလူအများစုကိုဆွဲဆောင်တဲ့
သူဆီကိုရောက်သွားခဲ့သည်။

"ဟင်  အရင်နေ့ကငါထီးငှားလိုက်တဲ့သူဘဲ"

Gun တစ်ယောက်စိတ်ထဲ၌ရေရွတ်လိုက်သည်။
Off ဆိုတဲ့လူက အတန်းရှေ့၌ရပ်လိုက်ပြီး
Gun ရဲ့ထီးကိုကိုင်ကာ အတန်းထဲမှခပ်ချောချော ‌
ကောင်မလေးတစ်ယောက်အနားသို့ကပ်ကာ
တစ်ခုခုမေးနေလေသည်။

ထို့နောက်အတန်းထဲ၀င်လာပြီး
Gunရဲ့စာရေးခုံပေါ်၌ထိုင်လိုက်ပြီး
‌ပိုးသားလိုနူးညံ့နေတဲ့ အရှေ့တိဆံပင်လေးအား
ခပ်ဖွဖွလေးပုတ်လိုက်ပြီး

"ရော့ မင်းထီး"

လက်ထဲထီးထည့်ပေးလိုက်ကာ
Off က Gun ရဲ့မျက်နှာကို
သေသေချာချာစိုက်‌ကြည့်နေလိုက်သည်။

"အိုး......"

အတန်းထဲမှကောင်မလေးများက
Gun အား အားကျသွားတဲ့အသံမျိုးနဲ့
လှမ်းအော်ကြသည်။

Fall In Love With You ( U+Z )Where stories live. Discover now