Chapter 34

1.2K 128 1
                                    

နင်ငါ့ကိုပေါ့ပေါ့ပျက်ပျက်စိမ်းစိမ်းကာက
ရက်ရက်စက်စက်အသည်းကိုခွဲပြန်လာခဲ့
မျှော်နေတယ် စောင့်နေကျလမ်းလေးတစ်ချို့က
ဖုန်တွေတက် အဆင်ပြေပါတယ်တခြားသူတွေ့ရင်
မင်းရဲ့အနောက်ကပြုံးပြုံးလေးလာနှုတ်ဆက် မင်းသားလောက်တော့အရေးမပါလည်း
အရံခန်းလေးထဲကခဏပါတဲ့အတွက်
ကျေနပ်ပါတယ်။ 💔🎶🎶

______________________________________

လက်ထဲပူနေတဲ့ခွက်နှစ်ခွက်ကိုကိုင်ကာ
ရုံးခန်းထဲ၀င်လာတော့ လက်ပူတာထက်ပိုပူတဲ့
ရင်ပူစရာမြင်ကွင်းလေးတစ်ခု။

ခုနကငိုထားလို့မျက်ရည်ကုန်ပြီထင်နေခဲ့တာ။
အခု မျက်ရည်ကထပ်ကျမလို့ ဟန်ပြင်နေပြန်ပြီ။

P'Mew ဘေးမှာ ခုံပိုလေးတစ်လုံးဖြင့်
ကျွန်တော့်ထက်အများကြီးသာတဲ့ အမျိုးသမီးလေးက
တီတီတာတာချစ်စဖွယ်စကားလုံးတို့ဆိုကာ
P'Mew ကို ပြုံးပျော်စေနိုင်သည်။

ကျွန်တော်နဲ့ဆိုစိတ်ဆင်းရဲရုံကလွဲပြီး
ကျန်တာ ဘာမှ ရမှာမဟုတ်ဘူးလေ။

"MD Coffee ရပါပြီ"

ကျွန်တော် Coffee ခွက်လေးချပေးလိုက်တော့
P'Mew အတွက်ဖျော်ထားတဲ့အခွက်ကို July က
ယူကာ သောက်ရန်ပြင်လိုက်တော့

"အဲတာ MD အတွက်ပါ ဒါက အမ အတွက်"

ကျွန်တော်ကမ်းပေးလိုက်တော့

"ဘာလဲ မသောက်ရဘူးလား "

ဟုဆိုကာ သောက်ချလိုက်လေသည်။

P'Mew က coffee ဆိုရင် black coffee
ခါးနေမှသောက်တတ်တာမို့
ခါးခါးလေးဖျော်ပေးမိတဲ့ကျွန်တော်။

"အား ခါးလိုက်တာ ဘယ်လိုဖျော်လာတာလဲ။
P'Mew သောက်ကြည့်ပါဦး ခါးလိုက်တာ"

ဟုဆိုကာ ကျွန်တော်ချစ်ရတဲ့သူလက်ထဲ
Coffee ခွက်ကိုအတင်းထိုးအပ်နေလေသည်။

"မင်းဘာလို့ခါးအောင်ဖျော်တာလဲ
July ဘယ်လိုသောက်မလဲ အဲလိုဖျော်တာ"

တခါဆိုတစ်ခါမှ အကို့ရဲ့ ‌ဆူငေါက်တာကို
မခံဖူးတဲ့ ကျွန်တော်ပါ။ အကို့ရဲ့အလိုလိုက်ခံရတာက
ကျွန်တော်ပါ။ ဖူးဖူးမှုတ်ခံရတဲ့ ဒီကကောင်လေး
အခု သူစိမ်းတစ်ယောက်ကြောင့် အဆူခံနေရပါပြီး။

Fall In Love With You ( U+Z )Where stories live. Discover now