Chapter 30

1.3K 121 3
                                    

Off 💛

"ဟိုး...မှာ ထိန်ထိန်ကြီးလင်းနေတာက Gun လေ"

Gun က ကောင်းကင်ကြီးကိုလက်ညှိုးထိုးကာ
လမင်းကြီးကို ညွှန်ပြနေလေသည်။

"ဟင်အဲဆို ကိုကရော"

Off က မကျေမနပ်နဲ့ မေးနေတော့

"Papi က မရှိဘူး ....."

"ဟာ ကလေး ဒါတော့လွန်တယ်ကွာ
ကလေးကျတော့ လမင်းကြီးတဲ့
ကိုကကျတော့ မရှိဘူးတဲ့ "

ကမ်းခြေရဲ့သဲပြင်အပေါ်မှာ
နှစ်ယောက်အတူလှဲရင်းကနေ
Off က ထထိုင်လိုက်ပြီး
စိတ်ဆိုးနေလေသည်။

Gun ကတော့ တခစ်ခစ်ရယ်လို့။

"မရဘူး မရယ်နဲ့..."

"Papi က ကလေးအတိုင်းဘဲ။
Gun က လ ဆိုရင် Papi ကနေပေါ့
Papi ကြောင့်သာ Gun ဆိုတဲ့
လမင်းကြီးကရှိနေတာပေါ့"

Gun ရဲ့အဖြေကိုကြားတော့
Off က ပြုံးစိစိနဲ့ လှဲနေတဲ့
Gun ရဲ့မျက်နှာကို
စိုက်ကြည့်နေလေတော့သည်။

"မကြည့်နဲ့ ...မနေတတ်ဘူး"

Gun က မျက်စောင်းထိုးကာပြောလိုက်တော့

"ပျွတ်...အွန့် Papi."

Off က ရုတ်တရက်ကြီး ကုန်းနမ်းလိုက်သည်။

"ဘာလို့နမ်းတာလဲ ခွင့်လည်းမတောင်းဘူး"

"ကို့ကလေးကို ကိုနမ်းတာလေ မရဘူးလား "

ဘာမှမဖြေဘဲGun က ရယ်နေလေတော့သည်။

အတွေးတို့က အတိတ်ဆီ လွင့် စင်လျက်။

ကောင်းကင်ပြင်ကြီးအားမော့ကြည့်ကာ

"ကို့ကလေးလေးလည်း ကောင်းကင်ကြီးကိုကြည့်ပြီးလမင်းကြီးနဲ့ စကားပြောနေမလား"

Off တစ်ယောက် တိုးတိုးလေး
ရေရွတ်လိုက်တော့သည်။

×××××××××××××××××××××××××××

Mew💛

"တော်တော့ Mew
မင်း‌သောက်နေတာများနေပြီ"

Kao ရဲ့ bar အတွင်းမှာ
ထောင့်ကျတဲ့စားပွဲဝိုင်းလေး၌
သူငယ်ချင်းနှစ်ယောက်သားထိုင်ပြီး
မနားတမ်းသောက်နေတဲ့ သူငယ်ချင်းအား
ကျန်တစ်ယောက်က အတင်းတွေတားနေလေသည်။

Fall In Love With You ( U+Z )Where stories live. Discover now