Chapter 28

1.3K 127 0
                                    


"အား ကျွတ်ကျွတ် ကျွတ်"

ကိုက်နေတဲ့ခေါင်းကို ကိုင်ရင်း

"ညက သောက်ထားတာများသွားပြီထင်တယ်"

မျက်လုံးကိုမှိတ်ရင်း ညည်းညူနေသော Mew.

မျက်လုံးဖွင့်ကာကြည့်လိုက်မှ

"အော် Kao အခန်းဘဲ"

"မင်းနိုးပြီလား ...."

ဟုကာ တံခါးဖွင်ပြီး Kao က
သံပုရာရည်တစ်ခွက်ကိုင်ကာ၀င်လိုက်သည်။

"ညက မင်းအရမ်းမူးနေလို့
ငါ့အခန်းထဲမှာဘဲ ခေါ်ထားလိုက်တာ
အဆင်ပြေရဲ့လား အခုက "

ခေါင်းကိုကိုင်လိုက်ပြီး

"ပြေပါတယ်ကွာ...."

"မင်း စိတ်ညစ်စရာတခုခုရှိရင်လည်းပြောလေ
တစ်ယောက်တည်း ကြိတ်ပြီး စိတ်ညစ်မနေနဲ့"

သူငယ်ချင်းဖြစ်သူက မေးလိုက်တော့

"အင်း အခုတလော
အဆင်မပြေတာလေးတွေရှိနေလို့
ငါပြန်တော့မယ် ကုမ္ပဏီလည်းသွားရဦးမှာ"

ဟုဆိုကာ အပြင်အင်္ကျီကို ကောက်ကိုင်လိုက်ပြီး
ထွက်သွားလေတော့သည်။

×××××××××××××××××××××
မီးဖိုချောင်အတွင်း၌
ဟင်းချက်နေသောအမေအား
ဝိုင်းလုပ်ကူပေးနေသော Gun ကို အမေက

"သား... သားအန်တီ‌လေးက ကနေဒါမှာ
Coffee bar လေးတစ်ခုဖွင့်ထားတယ်။
သားလည်းအရင်ကပြောဖူးတယ်လေ
Coffee bar လေးဖွင့်ချင်တယ်လို့"

အမေ့ရဲ့စကားအသွားအလာ
အနေအထားကိုသိနေပေမယ့်
ဆက်နားထောင်နေလိုက်သည်။

"ဟုတ်ကဲ့ အမေ"

"သား အန်တီက တစ်ယောက်တည်းမနိုင်ဘူးတဲ့လေကောင်တာထိုင်ဖို့လူတစ်ယောက်လူတယ်တဲ့။
ကောင်တာထိုင်တာကလည်း သားသိတဲ့အတိုင်းဘဲ
ယုံရတဲ့သူမှရတယ်လေ "

"ဟုတ်ကဲ့ အမေ"

"အဲတာ သားမသွားချင်ဘူးလား ကနေဒါကို
သား အန်တီလည်းအဖော်ရတာပေါ့"

အမေက Papi နဲ့ ဆက်ပြီး ပက်သက်နေမှာစိုးလို့တမင်တကာ အဝေးကိုတွန်းပို့နေတာ
ကျွန်တော်သိနေပေမယ့်

Fall In Love With You ( U+Z )Where stories live. Discover now