Chapter 22

1.4K 141 0
                                    

Mew 💛

နေ့ရက်တိုင်းက ရက်ရာဇာလိုပါဘဲ။
ကိုယ့်အနားအချိန်တိုင်း ရှိနေပေးလို့။

မနက်မိုးလင်းလို့မျက်လုံးဖွင့်လိုက်တာနဲ့
သူ့မျက်နှာလေးကိုအရင်မြင်ခွင့်ရလို့
ကျေနပ်နေရသူမျာကျွန်တော်ပါ။

"ကလေး ထတော့"

သူ့ဆံပင်လေးကိုသပ်ပေးလိုက်ကာ
ပါးလေးကိုတစ်ချက်နမ်းလိုက်ချိန်မှာတော့

"မထဘူး ..."

ကျွန်တော့်ကို စွာတေးလန်လေးက
ပြန်အော်နေပြန်သည်။

"ရုံးသွားရမယ်လေ "

"ကိုကိုအရင်သွား
ကလေးနောက်မှလိုက်လာမယ်"

အိပ်‌ချင်မူးတူးနဲ့
ကျွန်တော့်ရင်ဖတ်ကိုဆောင့်တွန်းကာ
ဘေးရှိကျွန်တော့်ခေါင်းအုံးကိုယူပြီး
သူ့မျက်နှာပေါ်အုပ်လိုက်တော့သည်။

အသဲယားလွန်းလို့
သူ့ခန္ဓာကိုယ်တစ်ခုလုံးကို
ရင်ခွင်ထဲဆွဲသွင်းလိုက်တော့

"ကိုကို ချစ်တယ်"

မထင်မှတ်ထားတဲ့ စကားလေးကြားလိုက်ရသည်။

"ကလေးဘာပြော‌တာလဲဟင်"

"ချစ်တယ် လို့"

‌ထထိုင်လိုက်ကာ ကျွန်တော့်ပါးကိုနမ်းပြီး
ထပ်ပြောလိုက်သည်။

သူက ရေချိုးခန်းဆီသွားဖို့ပြင်လိုက်တော့
အနောက်ကနေသူ့လက်ကလေးကိုလှမ်းဆွဲလိုက်သည်။

"ကိုကိုလည်းချစ်တယ်"

ရင်ခွင်ထဲကအူကြူးလေးက
ပြုံးလျက် ခေါင်းငြိမ့်ပြသည်။

"ကလေး "

"ဟင် "

"ရေအတူတူချိုးမယ်"

သူ့ခါးလေးကိုဖက်ပြီး
လည်တိုင်လေးကိုနမ်းကာတောင်းဆိုတော့

"မရဘူး ...."

ဟုဆိုကာ အတင်းတွန်းတုတ်ပြန်တယ်။

"ဘာလို့လဲ ကလေးရယ်"

"မရဘူး ....ဆို ကိုကိုအရင်သွားချိုး"

ပါးလေးကိုနမ်းကာ ချွဲလျက်။

"ဟွန်း....အတူတူဆိုးချင်တာ"

Fall In Love With You ( U+Z )Where stories live. Discover now