Chapter 14

1.5K 155 5
                                    

လက်ကမ်းကြိုပါတယ်ဖြတ်သန်းလိုပါတယ်
ပျားရည်စမ်းတဲ့ လမ်းကလည်းအရမ်းချိုပါတယ်
မင်းငါ့ရဲ့အနားမှာရှိနေရင်တော့သိပ်ပျော်တာဘဲ
ငါ့ရဲ့နယ်နိမိတ်ထဲ မင်းကိုဖိတ်ခေါ်ပါတယ် 🎵"

Mew ❤️

ကားပေါ်ရောက်တဲ့အထိ ကျွန်တော့်ဘေးက
ဘဲပေါက်လေးကတော့ ပန်းခြံထဲကအကြောင်း
ပြောလို့မပြီးတော့ပါဘူး။

သူသိပ်သဘောကျနေရှာတာ။

အလုပ်ကိစ္စတွေ family case တွေကြောင့်
စိတ်ဆင်းရဲနေရလို့ သူမျက်နှာလေးနဲ့
အမောဖြေလိုက်မိတာ သိပ်မှန်တဲ့ရွေးချယ်မှုဘဲ။

နောက်ပိုင်းလည်း ဒီအကောင်ပေါက်လေးကို
စိတ်ချမ်းသာအောင်ထားနိုင်ဖို့ ဒီလူကြိုးစားပါ့မယ်။

ကျွန်တော်လည်းကျွန်တော့်အတွေးဖြင့်
စိတ်ကူးယဉ်ကာပြုံးနေတုန်း
ကျွန်တော့်ဘေးကကောင်လေး က

"အိမ်ပြန်ပို့နေတာလား"

မပြန်ချင်သေးတဲ့လေသံနဲ့မေးလိုက်သည်။

"အင်းလေ "

"ဘာမှလည်းမကျွေးဘူး"

ဟောဗျာ စားမယ်ဆိုတာကြီးဘဲ။
အဲတာကြောင့် ဗိုက်ကပူနေတာ။

"ဘာစားချင်လဲ "

လမ်းကိုကြည့်ကာမေးလိုက်တော့

"P'Mew က ကျွန်တော့်ကိုလည်းမကြည့်ဘူး"

အခုတော့ သူစိတ်ဆိုးပြီးပေါ့။
ဘယ်တော့မှပြောမလဲဆိုပြီး
တမင်တကာမကြည့်ဘဲနေနေခဲ့တာ
အခုမှဘဲပြောတော့တယ်။

"ဟင် အကြည့်ခံချင်နေတာလား"

"နဲနဲပါးပါးတော့ကြည့်သင့်တယ်လေ"

မျက်စောင်းကထိုးပြန်ပြီဒီကောင်လေး။

"အင်းပါ တောင်းပန်ပါတယ် နော်"

တောင်းပန်လိုက်မှ မျက်နှာက
ပြုံးသွားပြီး မျက်လုံးမပေါ်အောင်
ရယ်ပြနေတော့သည်။

‌"ဟင် ဒီကလေးမှာမျက်လုံးလည်းမရှိဘူး"

"ရှိတယ်လေ ဒီမှာ"

သူ့မျက်လုံးကိုလက်ညှိုးနဲ့ထိုးပြကာ
ကျွန်တော့်မျက်နှာအနားသို့ကပ်ပြီး
လာပြလိုက်တော့ နီး‌တာနဲ့ရင်ခုန်မိတဲ့ကျွန်တော်
နေစရာနေရာပင်မရှိတော့ပေ။

Fall In Love With You ( U+Z )Where stories live. Discover now