Chapter 20

1.4K 136 1
                                    

"ကျွန်တော်တို့လမ်းခွဲရအောင် P'Off
အကိုလိမ်နေတာတွေ ကျွန်တော်မခံနိုင်လို့ပါ။
ကျွန်တော်တစ်ချိန်လုံးပူပန်မှုတွေနဲ့
သ၀န်တိုနေရတယ်။ ကျွန်တော်အကို့ကိုတစ်ခါမှ
စိတ်မချနိုင်ခဲ့ဘူး။ကြာလာတော့ကျွန်တော်လည်း
ပင်ပန်းလာတယ်။ အကို့ကိုမိန်းမတွေနဲ့
အသားချင်းထိနေတာတွေကျွန်တော်မခံနိုင်ဘူး။
နောက်ဆုံ ကျွန်တော်ပင်ပန်းလှပြီအကို။
ကျွန်တော်ကဘဲတောင်းပန်ပါတယ်။
ကျွန်တော်ထွက်သွားပါရစေ။
အကိုလည်းလွတ်လပ်ပါစေတော့။

#အကို့ပျော်ရွှင်မှုတွေကဘယ်သူ့ကြောင့်ဘဲဖြစ်ဖြစ်အကိုပျော်နေရင်တောင်ကျေနပ်နေတဲ့ကျွန်တော်ပါ"

ကောင်ငယ်လေးကတော့ငိုလျက်
ဘယ်ဖက်ကအောင့်နေတဲ့နှလုံးတည့်တည့်ကို
ညာဖက်လက်နဲ့ဖိကာ သူသိပ်ချစ်ရတဲ့သူကို
အော်ပြောနေမိသည်။

"မဟုတ်ဘူး Gun "

Off က ရှင်းပြမယ်လုပ်တော့

"ဟင့်အင်း ကျွန်တော် အဆင်ပြေပါတယ်။
ကျွန်တော်နားလည်ပေးနိုင်ပါတယ်။
ကျွန်တော်ကယောက်ျားလေးပါ။
ကျွန်တော့်မှာအကို့အတွက်ရင်ခုန်စရာ
တစ်ကွက်မှမရှိပါဘူး။
ကျွန်တော်ကအားနည်းချက်တွေနဲ့လူပါ။
‌ကျွန်တော်တောင်းပန်ပါတယ်"

"မဟုတ်ဘူး Gun "

လှည့်ထွက်သွားသောကောင်လေးရဲ့
လက်ကိုလှမ်းဆွဲကာ နာမည်လေးကိုခေါ်တော့
လက်ကို လွှတ်ချလိုက်ကာ ကား‌ရှိရာသို့
ခပ်သုတ်သုတ်လေး လျှောက်သွားသည်။

ခါးပတ်ပင်မပတ် အမြန်နှုန်းအမြင့်ဆုံးဖြင့်
မောင်းထွက်သွားတဲ့ကားလေး တစ်စီး။

"အကိုတောင်းပန်ပါတယ်"

မျက်ရည်ကျကာ တောင်းပန်နေလည်းမထူး။

××××××××

"Papi ကလေး အသက်ရှူကြပ်တယ်"

ကားမောင်းလျက်အော်ငိုနေမိသည်။

"ကလေးက papi အတွက်
Perfect မဖြစ်တာသိပါတယ်။
အချစ်တစ်ခုကလွဲရင်ဘာမှမပေးနိုင်ပါဘူး"

လက်တစ်ဖက်လွှတ်ကာ ကားမောင်းလျက်။

"ဟူး..."

Fall In Love With You ( U+Z )Where stories live. Discover now