Gulf ကတော့ဆေးသောက်ပြီးအိပ်ပျော်နေလေရဲ့။သူအရမ်းချမ်းနေတယ်ထင်ပါတယ်။ကွေးကွေးလေးနဲ့စောင်ကိုအတင်းတွယ်ကပ်ကာအိပ်နေရှာတယ်။
ကျွန်တော်ကတော့နားမလည်နိုင်တဲ့လချုပ်တွေကိုကြည့်ရင်းစားပွဲပေါ်တွင်မေးထောက်နေမိတော့သည်။ဒီကောင်လေးကတော့ချမ်းလွန်းလို့ထင်ပါတယ်။ညည်းသံလေးပင်ကြားနေရသည်။သူ့ကိုကျွန်တော်ကောင်လေးဆိုတာမမှတ်မိပေမယ့်သူတခုခုဖြစ်ရင်၀မ်းနည်းလာသလိုလိုကူညီချင်သလိုမျိုးဖြစ်မိတာတော့အမှန်။သူ့ကိုဆူမိလို့စိတ်မကောင်ဖြစ်ပြီးမျက်ရည်ကျနေတဲ့ကောင်လေးကြောင့်ရင်ဖတ်ထဲမှာဆို့နေပြီးနောင်တရသလိုမျိုးခံစားရပြန်တယ်။
"ဟူး ...... တောင်းပန်ပါတယ်
ကိုဘာလို့မမှတ်မိတာလဲ"ကိုယ့်ခေါင်းကိုဘဲလက်နဲ့ရိုက်ကာနာအောင်လုပ်နေမိပြန်ပါသည်။
"အဟွတ်.....အဟွတ်....."
ကုတင်ပေါ်မှာကွေးကွေးလေးအိပ်နေတဲ့ကောင်လေးကချောင်းတေွတဟွတ်ဟွတ်ဆိုးနေပြန်ပါသည်။
"အဟီး.....မလုပ်ပါနဲ့....
တောင်း...တောင်း..ပန်ပါတယ်နော်"အဖျားတွေတက်ပြီးယောင်ယောင်ယမ်းယမ်းအော်နေတဲ့ကောင်လေးအနားသို့ကပ်ကာနှဖူးလေးအားဖွဖွလေးစမ်းလိုက်တော့ မအိပ်ခင်ကတည်းကအပူချိန်ထက်အများကြီးကိုပူနေတော့ပါတယ်။
"Gulf ...."
တိုးတိုးလေးခေါ်လိုက်တော့
"အီး ...ဟီး ..."
ငိုလျက်ညည်းနေရှာပါတော့သည်။
"ချမ်းတယ်...ဟင့်"
"မင်းချမ်းနေတာလား Gulf"