Part-1

18.7K 649 5
                                    

ယူနီ

သူ့....မျက်ဝန်း

အပိုင်း၁

2015

စိုင်းဆက်နောင်

(စိတ်ကူးဖြင့် ပုံ​ေဖာ်ထားခြင်း ဖြစ်သည်)

ရန်ကုန်မြို့ သန်လျင်မြို့ဘက်ခြမ်းရှိ အိမ်ကြီးတစ်အိမ်ဟာ မြို့စွန်ဘက်မှာ တည်ရှိနေသည်။ အိမ်ကြီးဟာ နှစ်ထပ်အိမ်ဖြစ်သည်။ အနီရောင်ဆေးခြယ်ထားတဲ့ အိမ်ကြီးဟာ လူနေရပ်ကွပ်တို့နဲ့ အနည်းငယ်အလှမ်းဝေးနေခဲ့သည်။

အိမ်ကြီးရဲ့ အရှေ့ဘက်ကိုသာ ခြံခတ်ထားတတ်ပေမယ့် အနောက်ဘက်ကို ခြံခတ်ထားခြင်းမရှိ။ အိမ်ကြီးရဲ့ အနောက်ဘက်မှာ ကြီးမားတဲ့ အပင်ကြီးများ ထူထပ်စွာပေါက်ရောက်နေခဲ့သည်။

ခြံနွယ်များဟာ များပြားလှသည်။
အိမ်ကြီးရဲ့အရှေ့ဘက် မြေလွတ်မှာ မြက်ခင်းစိမ်းစိမ်းများ ခင်းထားသယောင် ညီညာစွာ မြက်ပင်များရှိနေသည်။ မြတ်ပင်များကိုတော့ နေ့တိုင်း ရိတ်ဖြတ်ကျလို့ သိပ်မရှည်ကျ။

အိမ်ရဲ့ဘေးဘက်မှာ လူလုပ်ရေကန်ကြီး စိမ်းစိုစွာတည်ရှိနေသည်။ ရေကန်ရဲ့ ဘေးပတ်ပတ်လည်မှာ အလှပန်းအိုးများ ထားထားသည်။

အိမ်ကြီးရဲ့အတွင်းပိုင်းရဲ့ အပြင်အဆင်တို့ဟာ သိပ်ခမ်းနားလှသည်။ သမင်ဂျိုများ ကျားအရည်ခွံများ အိမ်ရဲ့နံရံမှာ ချိတ်ဆွဲထားတတ်သည်။ သစ်သားခုံတန်းရှည်ကြီးများဟာလည်း လှပ​သေ သပ်တဲ့ ပန်းခပ်တို့ဖြင့် ထုဆစ်ထားကျသည်။

ရှေးဆန်ဆန်အပြင်အဆင်များဟာ အိမ်ကြီးကို ပိုမိုအသက်ဝင်နေသည်။

အရင်က ဒီအိမ်ကြီးမှာ သိပ်ကိုပျော်ရွှင်နေတတ်တဲ့ ပိုင်ရှင်တစ်ယောက်ရှိခဲ့ဖူးသည်။ ထိုပိုင်ရှင်ဟာ ရှမ်းလူမျိုးနဲ့ဗမာလူမျိုး စပ်ထားသော လူတစ်ယောက်ဖြစ်သည်။

သူ့ရဲ့ဖခင်ဟာရှမ်းစော်ဘွားမျိုးဆက်ဖြစ်သည်။ မိခင်ကတော့ အညာသူမိန်းမပျိုတစ်ဥိီးဖြစ်သည်။ ဘယ်လိုအကြောင်းဖန်လို့တွေ့ကျလည်းတော့ မသိရိုးအမှန်။

ပိုင်ရှင်လေးရဲ့အမည်ကစိုင်းဆက်နောင်။
နှာတံဆင်းဆင်း အသားဖြူဖြူ ကိုယ်လုံးကိုယ်ထည်တောင့်တောင့်ရှိသည်။ ရှည်လျားသောအရပ်ကလည်း ပျိုတိုင်းနှစ်သက်ခဲ့ကျသည်။

သူ့.....မျက်ဝန်း (S-1)(completed)Donde viven las historias. Descúbrelo ahora