Part-4

5.7K 422 8
                                    

သူ့....မျက်ဝန်း

အပိုင်း၄

ဂျွန်မင်း

ဂျွန်မင်း တံခါးလက်တန်းကို အသာကိုင်ကာ တံခါးကို ဖွင့်လိုက်ကာ မျက်လုံးမှိတ်ရင်း

"ဘယ်သူလဲ...."

"ငါပဲ...."

"ငါ... ငါက ဘယျသူလဲ....."

"မင်းမျက်လုံးမဖွင့်ပဲ ငါကိုတွေ့ပေါ့မလား ဂျွန်မင်း...."

ဂျွန်မင်းသရဲဆိုလည်း မိမိကို အခုလို စကားပြောနေမယ့် ပုံလည်းမရပါ။
ထို့ကြောင့် ဖြည်းဖြည်းချင်း မျက်လုံးကို ဖွင့်လိုက်မိသည်။

မိမိအား မျက်နာတည်တည်နဲ့ စိုက်ကြည့်နေတဲ့ ဝှီးချဲလ်ပေါ်က စိုင်းဆက်နောင်ကို တွေ့လိုက်ရသည်။

ထိုမှ ဂျွန်မင်းသက်ပြင်းချနိုင်တော့သည်။ လက်ထဲက ဖယောင်းခံသံတိုင်ကို အနားက စားပွဲပေါ်ချလိုက်ကာ

"ဒါနဲ့ခဗျား ဒီချိန်ကြီးမအိပ်သေးဘူး....."

"ငါခုတလော သိပ်မပျော်ဘူး... "

"ဟုတ်လား အိပ်ဆေးပေးသင့် မပေးသင့်တော့ ခဗျားနဲ့စကားပြောကြည့်မှရမှာပဲ အထဲဝင်ခဲ့ပါ....."

ဂျွန်မင်း စိုင်းဆက်နောင်ကို အထဲခေါ်ပြီး တံခါးအသာပိတ်ကာ သူလည်း စိုင်းဆက်နောင်နဲ့ မျက်နာချင်းဆိုင်ကုတင်ပေါ် သွားထိုင်လိုက်ကာ

"ခဗျားကျွန်တော်ဆီလာတာ အိပ်မပျော်လို့ ဆေးလိုချင်လို့ပဲလား အခြားအကြောင်းတစ်ခုခုကော....."

"မင်းအခန်းမီးလင်းနေလို့ မင်းစောစောအိပ်သင့်တယ်ထင်လို့လာပြောတာ....."

ဂျွန်မင်းပြုံးလိုက်ကာ ဆေးသေတ္တာမှ အိပ်ဆေးကဒ်ကို ရှာရင်း

"ခဗျားက ကျွန်တော်ကို့ စိုးရိမ်လို့လား...."

"ဘာကွ.... ငါတို့ အိမ်ကဒီချိန်မီးပိတ်ရတယ် အိပ်ချင်အိပ်မအိပ်ချင် အမှောင်ထဲနေရမယ် ဒါငါ့စည်းကမ်းပဲ စည်းကမ်းအကြောင်းမင်းသိသင့်တယ်ထင်လို့လာပြောမလို့......."

"စည်းကမ်းဆန်းသားပဲ....."

ဂျွန်မင်းခနဲ့တဲ့ အသံနဲ့ပြောလိုက်သည်။

သူ့.....မျက်ဝန်း (S-1)(completed)Where stories live. Discover now