Part-7

5.2K 394 1
                                    

သူ့........  မျက်ဝန်း

အပိုင်း၇

စိုင်းဆက်နောင်

စိုင်းဆက်နောင် ဘေးက ကုတင်စောင်းမှာ လက်တင်ကာ အိပ်နေတဲ့ ဂျွန်မင်းကို ကြည့်နေမိသည်။

မင်းကဘာလို့ လင်းနစ်နဲ့ အဲ့လောက်တောင် တူနေရတာလဲ။ ဖြူဖျော့ဖျော့ ပါးပြင်လေးကို စိုင်းဆက်နောင် လက်ချောင်းထိပ်လေးများဖြင့် အသာထိကပ်နေကြည့်မိသည်။

ရင်းနှီးတဲ့ အထိအတွေ့လေးတွေကြောင့်ပဲ ငါမင်းကို လင်းနစ်နဲ့မှားပြီးမြင်နေမိပြီကွာ။

နူတ်ခမ်းပါးနီဆွေးဆွေးလေးဆီ စိုင်းဆက်နောင် မျက်နာ တဖြည်းဖြည်းကပ်လာမိသည်။ ထိုစဥ်

"ညကဖက်ထားတာတောင် မတောင်းပန်ရသေးဘူး နမ်းမလို့ပြင်နေတာလား....."

အိပ်နေရင်း အသံခပ်တိုးတိုးလေးပြောလာတဲ့ ထိုကောင်လေးကြောင့် စိုင်းဆက်နောင် မျက်နာအနောက်ကို ပြန်ခွာသွားကာ ခေါင်းအုံးပေါ်ပြန်အုံးရင်း မျက်နာလွဲလိုက်မိသည်။

ကိုယ့်ကိုယ်ကိုလည်း စိုင်းဆက်နောင် ပြန်ကျိန်ဆဲနေမိသည်။ ညကလင်းနစ်နဲ့မှားဖတ်တာထားပါတော့ ငါအခုဘာလုပ်ဖို့ကြံမိတာလဲ ။ ရုပ်ချင်တူတယ်ဆိုတိုင်း ငါ့ခွေးစိတ်ပေါက်နေတာလား။

"ခနလူမှား သွားလို့ပါ ညကဖက်ထားမိတာ တောင်းပန်ပါတယ်......"

ဂျွန်မင်းပြုံးလိုက်ကာ ခါးမတ်ပြန်ထိုင်လိုက်သည်။ တစ်ညလုံးထိုင်ရင်းအိပ်ခဲ့တာကြောင့် ခါးနာနေလို့ အကျောဆန့်လိုက်မိသည်။

ကုတင်ပေါ်က စိုင်းဆက်နောင်ကို ဂျွန်မင်းအကြည့်။ ဂျွန်မင်းကို ဝါးစားမတတ်ကြည့်နေတာကြောင့်လန့်သွားမိသည်။

"ကျွန်တော့်မှာ ချစ်သူရှိတယ်နော် ကျွန်တော်က မိန်းကလေးပဲကြိုက်တာ..."

"သိပါတယ်ကွာ ငါကဘာလုပ်နေလို့လဲ မင်းပြန်တော့...."

"ဟော့ နေပြန်ကောင်းသွားတော့ နှင်လွှတ်နေလိုက်တာ...."

ဂျွန်မင်း ခြေစောင့်ကာ ထွက်လာမိသည်။ အပြင်​ေရာက်မှ ကျိန်ဆဲနေမိသည်။

သူ့.....မျက်ဝန်း (S-1)(completed)Tempat cerita menjadi hidup. Temukan sekarang