Part-13

4.8K 210 1
                                    

သူ့ ........ မျက်ဝန်း

အပိုင်း၁၃

စိုက်ဆက်နောင်

စိုင်းဆက်နောင် အခန်းထဲမှာ ဝှီးချဲလ်ပေါ်မှာ ထိုင်နေရင်း ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်နေခဲ့ရသည်။

ကောင်လေးကို ကိုယ်တိုင် သွားမကယ်နိုင်တာကော ကောင်လေးကို မရှာနိုင်တာကြောင့် ကိုယ့်ကိုယ်ကို ပြစ်တင်စိတ်တို့သာ စိုင်းဆက်နောင် ဆီ ကျရောက်လာသည်။

ကောင်လေးတစ်ခုခုဖြစ်နေပြီလား ။ ကောင်လေးကို တစ်ယောက်ယောက်က ထိခိုက်အောင်လုပ်နေပြီလား။ အဲ့လူကကော ဘယ်သူလဲ။ ဘာလို့ ကောင်လေးကိုမှ ခုလိုလုပ်ရတာလဲ။

မျက်လုံးများစုံမှိတ်ရင်း ဆုတောင်းရုံကလွဲလို့ သူလို စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့ လူတစ်ယောက်အဖို့ ချစ်တဲ့သူကို ရဲရင့်စွာ ကာကွယ်နိုင်ဖို့ဆိုတာ လေထဲမှာတိုက်အိမ်ဆောက်နေသလို မဖြစ်နိုင်။

ပါးပြင်ထက်မျက်ရည်စများ နူတ်ခမ်းပါးများတုံရီမူများ ရင်ထဲက နာကျင်မူများက သူအတွက် လုပ်ပေးနိုင်တာတွေသာဖြစ်သည်။

"သခင်လေး......"

စိုင်းဆက်နောင် ဝှီးချဲလ်ကိုနောက်သို့ လှည့်လိုက်တော့ ဦးကိုကြီး မိမိရှေ့မှာ ဒူးထောက်ထိုင်ရင်း လက်နှစ်ဖက်ကို ကြမ်းပြင်မှာချထားရင်း ခေါင်းကိုသာငုံထားသည်။

"ဘာဖြစ်လို့လဲ ဦးကိုကြီး......."

"တောင်းပန်ပါတယ် သခင်လေးရယ် တောင်းပန်ပါတယ်......"

"တောင်းပန်တယ် ဘာကိုလဲ ဘာအတွက်လဲ ကျွန်တော့်ကို မြန်မြန်ပြောပါ ဦးကိုကြီး....."

စိုင်းဆက်နောင် ဦးကိုကြီးကို စိတ်မရှည်နိုင်စွာ မေးနေမိသည်။

"သခင်လေး လင်းနစ် သခင်လေးဆီထွက်သွားရတာက ဦးလေးရဲ့ ပေါ့ဆမူ့ကြောင့်ပါ သခင်လေး တောင်းပန်ပါတယ်......"

"ဘယ်လို...... ဘာကိုဆိုလိုတာလဲ......."

(နောက်ကြောင်းပြန်ခြင်း)

ဦးကိုကြီး အိမ်အတွင်း စီမံစရာရှိတာတွေကို စီမံပြီးတာနဲ့ အိမ်နောက်ဖေးသို့ထွက်လာခဲ့သည်။ အိမ်နောက်ဖေးဘက်ပန်းခြံဟာ ခြံခတ်ထားတာမျိုး မဟုတ် အနောက်ဖက်ခြံတောများနဲ့စပ်နေသည်။

သူ့.....မျက်ဝန်း (S-1)(completed)Where stories live. Discover now