The end (S-1)

7.5K 406 13
                                    

ယူနီ

သူ့........ မျက်ဝန်း

ဇာတ်သိမ်းပိုင်း

ဂျွန်မင်း

ခရီးတွေပဲ ထွက်နေမိသည်။ ဖေဖေကလည်း စိတ်ပြေရင် သူ့အလုပ်တွေမှာ လုပ်ဖို့ တောင်းဆိုလာသည်။ ဒီချိန်မှာ ဂျွန်မင်းဘာကိုမှမလုပ်ချင် မကိုင်ချင်။ စိတ်ပေါ့ပေါ့ပါးပါးနဲ့သာ ခရီးတွေ ထွက်ချင်နေမိသည်။

အေးချမ်းတိတ်ဆိတ်မူ့တွေက သူအား ဂျွန်မင်းပို၍ လွမ်းစေသည်။
ထိုသို့လွမ်းနေရတာကို ဂျွန်မင်းပိုသဘောကျသည်။

ရုတ်တရက် ယောက်ကျားတစ်ယောက်ကို ချစ်မိသွားတယ်။ ရုတ်တရက် ယောက်ကျားတစ်ယောက်ရဲ့ စော်ကားခံရတယ်။ ဒီရုတ်တရက်ကိစ္စတွေကြားမှာ စိတ်ရဲ့ နေသားကျဖို့ ဂျွန်မင်းကြိုးစားယူနေမိသည်။

ဂျွန်မင်း သူ့ကိုချစ်မိနေပြီ။ ဘယ်ကနေဘယ်လိုလဲဆိုတာ ဂျွန်မင်းမသိဘူး။ တိုက်ဆိုင်မူတွေရှိလာတိုင်း လွမ်းမိတယ်။ သတိရမိတယ်။ လွမ်းတဲ့အချိန်တိူင်း နှလုံးသားက နာကျင်တယ်ဆိုတာထက် လစ်ဟာသွားစေတာပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် သူဆိုတာ လူသားတို့ရဲ့ လုပ်လေ့ရှိတဲ့ လုပ်နည်းတွေအတိုင်း မိန်းမယူ ကလေးမွေး မြေးတွေမြစ်တွေနဲ့ သူပျော်သင့်တယ်။

ဂျွန်မင်းလိုလူက တိုက်ရိုက်အစော်ကားခံမထိခဲ့ပေမယ့် ကိုယ့်အကြောင်းသိနေတဲ့ လူ့အသိုက်အဝန်းကြားမှာ ရပ်တည်ဖို့ အမဲစက်က စွန်းထင်းသွားပြီလေ။

ဘယ်သူ့မှဂရုမစိုက်ပဲ နေလို့ရတာပဲလို့ ပတ်ဝန်းကျင်တစ်ချို့ကလူတွေက အားပေးကျတယ်။ ဒါပေမယ့် သူတို့ထင်သလိုမလွယ်ဘူးဗျ။ အစော်ကားခံခဲ့ရတဲ့ လူသားတိုင်းဟာ ကိုယ်စိတ်ကိုယ် ပြန်ရပ်တည်ဖို့ဆိုတာ မလွယ်ဘူးအဲလောက်။

တချို့က လက်တည့်စမ်းချင်တယ်။ တစ်ချိူ့က စကားမှားသလိုနဲ့ မကျေနပ်တာရှိရင် ထိုးနှပ်ချင်တယ်။ တစ်ချို့က စသလို နောက်သလိုနဲ့ ပြောမိကျတယ်။

သူတို့အတွက် အချိန်ခဏလေးမေ့သွားပေမယ့် ခံရတဲ့လူအတွက် အချိန်အတော်ကြာကြာ ဆွဲထင်စေတယ်။

သူ့.....မျက်ဝန်း (S-1)(completed)Where stories live. Discover now