Part-12

4.9K 373 6
                                    

ယူနီ

သူ့......... မျက်ဝန်း

အပိုင်း၁၂

စိုင်းဆက်နောင်

ရဲတွေရဲ့ စစ်ဆေးမြန်းမူတွေကို စိုင်းဆက်နောင် တစ်ယောက်အတော်ကို သည်းခံနေရသည်။ ဆေးရုံကဆေးစစ်စာတွေ ပြလာရသည်မို့ ပိုလို့တောင် စိတ်ညစ်လာမိသည်။

ကောင်လေး သတိရလာကတည်းက ဆေးရုံမှာစောင့်ပေးနေတာ ယခုထိပါပဲ။ နောက်နှစ်ရက်လောက်ဆို ဂျွန်မင်းဆင်းရတော့မည်ဖြစ်သည်။

စိုင်းဆက်နောင် ကောင်လေးအိပ်နေတုံး အပြင်ခဏ ထွက်လာခဲ့သည်။
ထိုစဥ် ဦးကိုကြီး ရောက်လာတာကြောင့် ဦးကိုကြီးကို

"အိမ်မှာ အဆင်ပြေရဲ့လား ဦးကိုကြီး....."

"ဟုတ်ကဲ့ သခင်လေး....  သခင်လေးလည်း အိမ်မှာ ပြန်နားပါတော့လား ဟိုသူငယ်လေးလည်း ဆင်းရတော့မှာပဲ......"

"မပြန်ချင်ဘူးဗျာ ကျွန်တော် သူ့အနားမှာပဲ နေချင်တယ်......."

စိုင်းဆက်နောင် ထိုသို့ပြောလိုက်တော့ ဦးကိုကြီး သက်ပြင်းရှည်ကြီးချမိသည်။

ငယ်ငယ်ကတည်းစောက်ရှောက်လာတော့ ဒီကလေး ဘယ်လောက်ခေါင်းမာလည်း သူသိနေသည်။

ဦးကိုကြီး မရဲတရဲ​ြဖ​င့်

"သခင်လေး....."

စိုင်းဆက်နောင် မော့ကြည့်မိတော့ ဦးကိုကြီး သူ့မျက်လုံးကို မဆုံရဲ ရှောင်နေသည်။ မျက်နာအမူအရာလည်း ပျက်နေသည်။

ဦးကိုကြီး ထိုသို့မဖြစ်ဖူး။

"ဘာပြောစရာရှိလို့လည်း ဦးကိုကြီး....."

"ဟို..... ဟိုလေ ......"

စကားကို မရဲတရဲ ဆိုနေတဲ့ ဦးကိုကြီးကို စိုင်းဆက်နောင် ထူးဆန်းသလိုဖြစ်နေသည်။

"ဘာပြောမလို့လဲ...... ဘာပြောချင်လို့လည်း ဦးကိုကြီး....."

"ဟိုလေ တောင်း...... တောင်းပန်ပါတယ်......"

"တောင်းပန်တယ်......"

ထိုစကားကို စိုင်းဆက်နောင် ရေရွတ်လိုက်မိသည်။ တောင်းပန်စကားကို အထူးတလှယ် ဆိုလာတဲ့ ဦးကိုကြီးကို စိုင်းဆက်နောင် နားမလည်နိုင်။

သူ့.....မျက်ဝန်း (S-1)(completed)Where stories live. Discover now