Part-3

6K 448 0
                                    

သူ့.......မျက်ဝန်း

အပိုင်း၃

စိုင်းဆက်နောင်

အလုပ်ခန်းထဲ ဦးကိုကြီးလာပြောသွားတာကို စိုင်းဆက်နောင် အံသြထိပ်လန့်နေမိသည်။ သူတွေ့ချင်တဲ့လူနဲ့ မျက်နာချင်းတစ်ပုံစံတည်းဆိုတာကြောင့် အမြန်ပင်ပြေးတွေ့ချင်နေမိသည်။

စိုင်းဆက်နောင်ဧည့်ခန်းနားကို ဝှီးချဲလ်နဲ့သွားကာ တစ်ယောက်ထိုင် ခုံမှ လက်တန်းကို အားပြုထရင်း ပြောင်းထိုင်လိုက်သည်။

စိုင်းဆက်နောင် မျက်လုံးများကို မှိတ်လိုက်မိသည်။အတိတ်ဆီ ခနလွင့်မျောသွားတော့သည်။

"ကိုစိုင်း လင်းတို့ ရေကူးကျရအောင်လေ....."

မိမိဘေးမှာ ခိုဝင်အိပ်နေတဲ့ ကောင်လေးရဲ့မျက်နာကို စိုင်းဆက်နောင်ကြည့်နေမိသည်။ ပန်းပွင့်ချပ်လေးလို ဖြူနှနေသည်။ ကောင်လေးရဲ့ပါးလေးကို ဆွဲလိမ်လိုက်ကာ

"ကဲ ထကိုယ်နဲ့ သွားကူးမယ်....."

"ယေးးးး....."

ရေကူးကန်ထဲ အပေါ်ဗလာနဲ့ ရေစိမ်နေတဲ့ ကောင်လေးလင်းနစ်ကို ကြည့်နေမိသည်။ သူအပြုံးတို့ကအသက်ဝင်နေသည်။ မိမိမှတ်မိတာကတော့ သူ့သွားထပ်လေးတစ်ဖက်ပါ ။ လှပတဲ့ မျက်ဝန်းလေး အမြဲလိုလ်ို အကြည့်ချင်းဆုံရင် လှပတဲ့ မျက်ဝန်းလေးက ဆွဲငင်နိုင်သည်။

ထိုကောင်လေးရယ်လိုက်တိုင်း ထိုသွားထတတ်လေးက ထင်းခနဲ ပေါ်လာသည်။ စိုင်းဆက်နောင် ထိုသွားတတ်လေးကို သိပ်ချစ်သည်။

ချစ်ရသူလင်းနစ်နဲ့အတူ ရေထဲမှာဆော့ကစားနေပုံတွေက စိုင်းဆက်နောင် မျက်ဝန်းထဲ တရိပ်ရိပ် ပုံပေါ်လာခဲ့သည်။

ဦးကိုကြီး အနားကပ်လာကာ

"သခင်လေး ဆရာဝန်လေး နောက်မှာ ရောက်နေပါပြီ...."

စိုင်းဆက်နောင် နောက်ကိုလှည့်ကြည့်မိတော့ မိမိနူတ်ကပါ နာမည်တစ်ခုကို ကိုယ်တိုင် မသိလိုက်ပဲ ထွက်လာမိနာမ်စား
လေးတစ်ခု။

"လင်းနစ်......"

ဟုတ်တယ် လင်းနစ်ပဲ။ မျက်လုံးတွေ နာခေါင်းတွေ ကုန်ကုန်ပြော အသားအရည်ကအစတူနေသည်။စိုင်းဆက်နောင်ကို ဂျွန်းမင်း ပြုံးပြလိုက်တာကြောင့်။ စိုင်းဆက်နောင်ကို ပိုလို့ပင် သေချာသွားစေခဲ့သည်။ သွားတတ်လေး။

သူ့.....မျက်ဝန်း (S-1)(completed)Where stories live. Discover now