Part-14

5.1K 351 2
                                    

သူ့........ မျက်ဝန်း

အပိုင်း၁၄

စိုင်းဆက်နောင်

(ဂျွန်မင်းပျောက်ဆုံးပြီး၁၅မီနစ်)

ဦးကိုကြီးစကားများကို အားတင်းကာ နားထောင်နေရသည်။ ဒေါသထွက်ခြင်းခံပြင်းခြင်းများက တိုးပွားနေတုံးမို့ ထိန်းချုပ်နေရသည်။

"ရဲစခန်းကို အကြောင်းကြားပြီးပြီလား......"

"ဟုတ်....  ဟုတ်ကဲ့သခင်လေး သူတို့ဆေးရုံCCTVကိုစစ်နေပါတယ်......."

.
"ခဗျားသား သွားနိုင်မယ့်နေရာတွေ မရှိဘူးလား ကျွန်တော်နဲ့ အခုသွားရှာမယ်......"

"Bossစိတ်ကိုလျော့ပါ......"

ကိုဖိုးခူးပါရောက်နေသည်မို့ စိုင်းဆက်နောင်ကိုဝင်တားကျသည်။ စိုင်းဆက်နောင်မှာတော့ ဆောက်တည်ရာမရ မွန်းကျပ်ပိတ်လှောင်နေရသည်။

ကိုယ့်ကိုယ်ကိုလည်း ပြစ်တင်မဆုံး
အခုလို ခြေထောက်မကောင်းလို့ ချစ်သူကိုမစောက်ရှောက်နိုင် ဘူးဆိုတဲ့ စိတ် စိုင်းဆက်နောင်ဆုတ်ကိုင်ထားမိလေသည်။ထိုကြောင့် ပိုလို့နောင်တရသည်။

ထို့ကြောင့် သူ့ရင်သည် ပိုမို ကွဲအက်နာကျင်နေရသည်။ဘယ်လိုမှ စိတ်ငြိမ်ဖို့မဖြစ်နိုင်။ မျက်ရည်များက သူ​ချစ်ရသူကိုမစောက်ရှောက်နိုင်တဲ့အတွက် သူ့အားလှောင်ရယ်နေသလို။

လက်ထဲကဖုန်းကိုသာ ကြည့်နေမိသည်။ ရဲဘက်ကအမြန်ဆုံးဆက်သွယ်လာဖို့ကို ဆုတောင်းနေရသည်။

လူကိုယုံမိခြင်းဟာ စိုင်းဆက်နောင်အတွက် ကြီးစွာသော် အမှားဖြစ်ခဲ့သည်။
ပထမအချစ်ဦးဟာ လူယုံတွေရဲ့ ဖျက်ဆီးမူ့ကိုခံခဲ့ရသည်။

ဒါကိုမိမိ မသိခဲ့။ မသိဘဲ ချစ်ဦးကို အပြစ်တင်နာကျည်းနေမိသည်။ ချစ်ဦးသူ သူ့အနားကထွက်သွားရခြင်းအကြောင့်ကို သူအခုမှနားလည်မိသည်။ အားနာမိသည်။

ချစ်ဦးသူတင်အားမရ ချစ်ရဆုံးသူကိုပါ ဖျက်ဆီးကျတော့မှာမို့ လူတွေကို သူပိုကြောက်လာမိသည်။ ပိုမုန်းလာမိသည်။

လင်းနစ်တုံးက သူ့ဘဝပျက်ဆီးသွားလို့ သူထွက်သွားပေမယ့် ဂျွန်မင်း...  ကောင်လေး မင်း ဘာတွေပဲ​ဖြစ်ခဲ့ဖြစ်ခဲ့  အသက်ရှင်အောင်ကျိုးစားပါ ပြီးရင်ငါ့ဆီပြန်လာပါ ငါ့မင်းဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ငါလက်ခံတယ်။

သူ့.....မျက်ဝန်း (S-1)(completed)Where stories live. Discover now