Part-2

6.8K 481 1
                                    

သူ့.....မျက်ဝန်း

အပိုင်း၂

စိုင်းဆက်နောင်

စိုင်းဆက်နောင် ဝှီးချဲလ်ဘီးလေးကို လက်ဖြင့် အားပြုကာ လည်စေခဲ့သည်။ အိမ်ကြီးအပေါ်ထက်နဲ့အောက်ထပ်ကို စိုင်းဆက်နောင် အတတ်အဆင်းလုပ်ရလွယ်အောင် ဓာတ်လှေကားငယ်လေး ပြုလုပ်ပေးထားသည်။

စိုင်းဆက်နောင် အိမ်အောက်ထပ်ကို ဓာတ်လှေကားဖြင့် ဆင်းလာလိုက်သည်။ စိုင်းဆက်နောက်အောက်ထပ်ရောက်လို့ တံခါးဖွင့်သည်နှင့် သူ့ရဲ့ အိမ်တော်ထိန်း အမျိုးသားကြီးက သူ့အနားရောက်လာကာ
ဝှီးချဲလ် ကိုတွန်းပေးလိုက်သည်။

"ဦးကိုကြီး ဆေးရုံက ဘာပြောလဲ....."

"ဒီနေ့လောက်တော့ ဆရာဝန်တစ်ယောက် လွှတ်လိုက်မယ်တဲ့ သခင်လေး....."

"ဟုတ်ကဲ့ ဦးကိုကြီး....  ကိုဖိုးခူးကို ခေါ်ပေးပါ ကျွန်တော် စာကြည့်ခန်းက စောင့်နေမယ်....."

"ဟုတ်ကဲ့သခင်လေး....."

စိုင်းဆက်နောင် မိုင်းဆေးရုံကြီးမှာ ရှယ်ယာအများဆုံး ထည့်ဝင်ထားသူဖြစ်လို့ ထိုဆေးရုံက သူ့အလိုကျလိုက်ပေးနေရသည်။(စိတ်ကူးဖြင့် ပုံဖော်ထားသည်မို့ တိုက်ဆိုင်သွားရင် တောင်းပန်ပါတယ်ခဗျ)

ယခုလည်း ဦးက်ိုကြီး အစီအစဥ်အရ ဆရာဝန်တစ်ယောက်ကို လွှတ်ပေးရမည်ဖြစ်သည်။

ဦးကိုကြီးဆိုတာကလည်း စိုင်းဆက်နောင် ငယ်ဘဝတည်းက အိမ်တော်ထိန်း လုပ်လာသူဖြစ်သည်။ အိမ်ကြီးအကြောင်း မိသားစုတွေအကြောင်းအပြင် စိုင်းဆက်နောင် အကြောင်းကိုပါ အလုံးစုံသိသူတစ်ဦး ဖြစ်သည်။

စိုင်းဆက်နောင် အလုပ်ခန်းထဲ ထိုင်နေတုံး ခနအကြာ ကိုဖိုးခူး ရောက်လာခဲ့သည်။

"ဘော့စ်လေး အကိုရောက်ပြီ....."

စိုင်းဆက်နောင် သူဘေးက ဆိုဖာကို လက်ပြကာ ကိုဖိုးခူးကို ထိုင်စေခဲ့သည်။

"အလုပ်ကတော့ အဆင်ပြေနေပြီ ဘော့စ်
မြေကွပ်တွေလည်း ဝယ်ဖို့ ပိုက်ဆံချေဖို့ပဲ ကျန်တော့တယ်...."

စိုင်းဆက်နောင်ပြုံးပြလိုက်သည်။ ကိုဖိုးခူးဆိုတာ သူဒီလို ဘဝရောက်လို့ ခံစားနေရတုံးကတောင် အလုပ်တွေကို လစ်ဟာမူမရှိ ကျိုးစားပေးနေသူဖြစ်သည်။ အယုံကြည်ရဆုံးလူတစ်ဦးလည်းဖြစ်သည်။

သူ့.....မျက်ဝန်း (S-1)(completed)حيث تعيش القصص. اكتشف الآن