Part-9

4.9K 398 3
                                    

သူ့......မျက်ဝန်း

အပိုင်း၉

စိုင်းဆက်နောင်

နူးညံတဲ့ သူ့နူတ်ခမ်းလေးကို စိုင်းဆက်နောင် သူ့နူတ်ခမ်းတို့နဲ့ ဖိထားမိသည်။
စိုင်းဆက်နောင် ကိုယ့်ကိုယ်ကိုပင် မယုံချင် ဘာလို့ ဒီလိုလုပ်မိသည်လည်းဆိုတာ။

စိုင်းဆက်နောင်  ဂျွန်မင်းရဲ့နူတ်ခမ်းလေးကို ပြန်ဖယ်ပေးလိုက်တော့ မျက်လုံးပြုးပြုးလေးက မိမိကို ဝေ့ဝဲကြည့်နေသည်။

သူ့ရဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေမှာ အံသြမူ စိတ်လူပ်ရှားမူတွေကို မြင်နေရသည်။

စိုင်းဆက်နောင် ထက်မံသူနူတ်ခမ်းလေးနား ကပ်သွားချိန်မှာတော့ ။ ဂျွန်မင်း စိုင်းဆက်နောင်ကိုတွန်းကာ ပြန်ထလိုက်သည်။

"ခဗျားလူမှားနေပြီထင်တယ်....."

မျက်နာလေးနီနီဖြင့် စိုင်းဆက်နောင်ကို မျက်လုံးချင်း မဆုံပဲ ပြော​ ​ေန တာမြင်တော့ ထိုကောင်လေးရှက်နေမှန်း သိလိုက်ရသည်။

မိမိဘေးက ကုတင်နေရာ အလွတ်လေးမှာ ထိုင်နေတဲ့ကောင်လေးကို ကြည့်နေမိသည်။ စိုင်းဆက်နောင် ဝေခွဲမရ မိမိကောင်လေးကိုချစ်နေမိပြီလား လင်းနစ်နဲ့ပဲတူလို့လား။ မိမိကိုယ်ကို နားမလည်နိုင်။

"ကိုယ်လူမမှားဘူးဆိုရင်ကော......"

ထိုသို့ပြောတော့ မိမိကို စိုက်ကြည့်နေတဲ့ ထိုကောင်လေးရဲ့ မျက်ဝန်းလေးတွေကို စိုင်းဆက်နောင် နှစ်သက်နေမိသည်။

ဟုတ်ပါတယ် လူမှားပြီးနမ်းတာမဟုတ်တာတော့ စိုင်းဆက်နောင်သေချာသည်။ ဆိုပေမယ့် မိမိဘာလို့ ကောင်လေးကို နမ်းမိမှန်း မသိ။

"ခဗျား ဒီစည်းမကျော်နဲ့......"

စည်းမကျော်နဲ့ဆိုကာ ခွခေါင်းအုံးလေးကို အလယ်မှာ ခြားကာ မိမိကိုယ်ကျောပိတ်အိပ်နေတဲ့ ကောင်လေးကို စိုင်းဆက်နောင် ငေးကြည့်နေမိသည်။

မိမိနောက်တစ်ခါ ထက်ချစ်လာနိုင်ပေါ့မလားလို့ မိမိကိုယ်ကို မေးခွန်းထုတ်နေမိသည်။

စိုင်းဆက်နောင် နေရောင်ကြောင့် မျက်လုံးများကျိန်းလာတာကြောင့် ဆက်အိပ်မရတော့ ။

သူ့.....မျက်ဝန်း (S-1)(completed)Where stories live. Discover now