Part-6

5.3K 407 5
                                    

သူ့......မျက်ဝန်း

အပိုင်း၆

ဂျွန်မင်း

သူ့....မျက်ဝန်းမှာ ဒေါသရိပ် များဖုံးလွမ်းနေသည်။ ကျားရဲတစ်ကောင်လည်း မျက်လုံးအသွင်ပြောင်းသွားသည်။(ဥပမါနော်)။

မေးကျောများတင်းလာကာ လည်ပင်းမှ ထောင်တတ်နေသည်။ သူ့လက်သီးများကျစ်နေအောင်စုတ်ထားရင်း

"မင်းးးး... ဘာလုပ်တာလဲကွ....."

ဂျွန်မင်း တစ်ကိုယ်လုံးတုံတတ်သွားသည်။ အောက်မှာ ကျနေတဲ့ ဓာတ်ပုံဘောင်ကိုကြည့်လိုက် သူ့ကို ကြည့်လိုက်ဖြင့်။

သူစိတ်ရိုင်းဝင်သွားပြီ သူစိတ်ဖောက်နေပြီဆိုတာ ဂျွန်မင်း ဆရာဝန်တစ်ယောက်အနေနဲ့ ရိပ်စားမိသည်။ အန္တရာယ်လည်း ကြီးတာ ဂျွန်မင်းနားလည်သည်။

ထိုကြောင့် ဂျွန်မင်း တံခါးပေါက်ဘက်ကို ကိုယ်ကို အသာရွေ့လိုက်သည်။ဒီချိန်မှာ ဂျွန်မင်း သူ့ကို စကားနဲ့အာရုံပြောင်းရမည် စိတ်လျော့အောင် လုပ်ရမည် မရရင် အခန်းကပြေးထွက်ရမည်သာ။

"ကျွန်တော်တောင်းပန်ပါတယ် မတော်တဆဖြစ်...  ဖြစ်သွားတာပါ...."

အသံတို့မှာ တုံရီနေသည်။

"မင်းကနာချင်နေပြီပဲ ဟုတ်လား!..."

သူ့အသံကြီး ထက်မံဟိန်းတတ်လာသည်။ သူဂျွန်မင်းအနား ဝှီးချဲလ်တွန်းလာတာကြောင့် ဂျွန်မင်း တံခါးဘက်ကို နောက်ပြန်လျှောက်လာနေမိသည်။

"စိတ်ကိုလျော့ပါ ကိုစိုင်းဆက်နောင် အသက်....  အသက်ကို ဝအောင်ရူပါ...."

ပြောအပြီး စိုင်းဆက်နောင် ဂျွန်မင်းဆီ ခပ်မြန်မြန်ဝှီးချဲလ်တွန်း လာတာကြောင့် နောက်ပြန် ဖြစ်နေတဲ့ ဂျွန်မင်း တံခါးဘက် အတည့်ပြန်လှည့်ကာ တံခါးဆီ ဦးတည်ပြေးလိုက်သည်။

ခေါင်းနောက်စေ့ကို အရှိန်ပြင်းပြင်းနဲ့ တစ်ခုခုက ထိမှန်လာသည်။ ခေါင်းက နာကျင်သွားကာ ထူပူသွားရသည်။ မျက်လုံးများပြာဝေသွားကာ ခြေထောက်က ခွေခနဲ လှဲကျသွားသည်။

"အားးး...နာလိုကျတာ...."

အားပြင်းတာကြောင့် ဂျွန်မင်း ခေါင်း  ထူပူသွားသည်။ ခေါင်းတစ်ခုလုံး ချာချာလည်သွားသလို နာကျင်မူ ထင်းကနဲ့ခံစားလိုက်ရသည်။

သူ့.....မျက်ဝန်း (S-1)(completed)Where stories live. Discover now