Part11

4.8K 380 2
                                    

ယူနီ

သူ့......... မျက်ဝန်း

အပိုင်း၁၁

စိုင်းဆက်နောင်

ဦးကိုကြီးကို ကောင်လေးရဲ့ပုံတွေ ကမ်းခြေသွားတုံး ခိုးရိုက်ခိုင်းတာတယ်လေ။ အခုကျွန်တော် အဲပုံလေးတွေကို သဘောကျစွာကြည့်နေမိသည်။

စိုင်းဆက်နောင် ပုံလေး တစ်ပုံတိုင်းကို ငေးမောစွာကြည့်နေမိသည်။ ဟန်ဆောင်မူ့မပါ ရယ်မောနေတဲ့ ကောင်လေးရဲ့ပုံက မိမိအားနှစ်သက်မူ့များတိုးလာသည်။

နှစ်သက်မိခြင်းကနေ စိုးရိမ်စိတ်လည်းတိုးလာမိသည်။ ကောင်လေးကgayမဟုတ်ဘူးလေ။ကောင်လေးက မိန်းကလေးတွေကိုပဲချစ်တာ။ ကောင်လေးနဲ့စကားပြောတိုင်း မိန်းမတွေအကြောင်း ပါလာတတ်သည်။

ဒီတော့ စိုင်းဆက်နောင် စိတ်ညစ်မိသည်။ ကောင်လေးဟာ လင်းနစ်လို မိန်းမမဆန် မနွဲ့ ဘူး။ ကောင်လေးဟာ လွတ်လွတ်လပ်လပ်ပဲနေတတ်တယ်။ ရှက်တာကြောက်တာမရှိဘူး။

နောက်ဆုံး ကောင်လေးဟာ ယောက်ကျားဆန်တယ် ။စိုင်းဆက်နောင် ငေးငိုင်နေမိသည်။ ဂျွန်မင်းရဲ့ အချစ်ကိုရဖို့ စိုင်းဆက်နောင်အတွက် အရမ်းခက်ခဲနေတယ်ဆိုတာ သူကိုယ်တိုင်တွေးရင်း နားလည်လာသည်။

St8တစ်ယောက်ကို ukeဇာတ်သွင်းဖို့ဆိုတာ အရမ်းတော်နေတဲ့semeကြီးတွေ လုပ်နိုင်တာလေ။ စိုင်းဆက်နောင်အဲ့လောက်တော်ပါ့မလား။

စိုင်းဆက်နောင် စာဖတ်နေရင်း ကောင်လေးအခန်းဘက်ကို သွားချင်လာသည်။ ဒီချိန်ကောင်လေး အိပ်နေပြီလား။

စိုင်းဆက်နောင် ဝှီးချဲလ်ပေါ်တတ်ရင်း ဂျွန်မင်းအခန်းဘက်ကို လာကာ တံခါးခေါက်လိုက်တော့ ​ပြန်မထူး ခေါ်ကြည့်တော့လည်း ပြန်မထူး ကောင်လေး အိပ်များနေပြီလား။

တံခါးကိုတွန်းကြည့်တော့လည်း လော့ချထားတာသိလိုက်ရသည်။

တံခါးရှေ့မှာ အကြောင်းမရှိရပ်ရင်း သက်ပြင်းရှည်ကြီးကိုချနေမိသည်။ စိုင်းဆက်နောင်ပြန်ထွက်မည်အလုပ်တံခါးပွင့်လာသည်။

စိုင်းဆက်နောင်ရင်ထဲ တံခါးပွင့်လာတာဟာ သိပ်ကိုပျော်စရာတစ်ခုလိုခံစားလိုက်ရပြီး ပွင့်လာတဲ့တံခါးကိုပြုံးကြည့်နေမိသည်။

သူ့.....မျက်ဝန်း (S-1)(completed)Where stories live. Discover now