Part-2

9.1K 1K 30
                                    

အရှင့် အလိုကြ ဖြစ်ဖို့ အတွက် နှလုံးသားကို ခင်းပြီး အမှု ထမ်းရတော့တာပါပဲ..

"Miss Ele.."

"အိုး..ရှင်က.."

"ကျွန်တော် Xiaoဘုရင်ရဲ့ သက်တော်စောင့် ပါ..စကားနည်းနည်း ပြောလို့ရမလား.."

"ဘာပြောစရာရှိလို့လဲ ရှင်"

"ဒီည မင်းသား နားရင် Miss Ele ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ"

"ဒီကိစ္စကို ကျွန်မ ကို ဘာလို့ မေးတာလဲ "

"ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်..ကျွန်တော်တို့ အရှင်က Miss Eleကို မြင်မြင်ချင်းသဘောကျသွားပါတယ်"

"Xiaoဘုရင်ရဲ့ သဘောကျမှု့ကသုံးရက်အပြင် မပိုဘူးလို့ ကျွန်မ သိထားတယ်"

"Miss Eleက သိနေတာပဲ..ဒါဆို.."

Yiboက လက်ထဲမှ Key Cardကို ပေးကာ..

"ဒါက (....) Hotelရဲ့ Key Card ပါ..ကျွန်တော် ပြောတာ ရိုင်းသွားသလို ဖြစ်ရင် ခွင့်လွှတ် ပါ..Xiaoအရှင် နဲ့ သုံးရက်တာ ပတ်သတ်မှု့ကို လက်ခံရင် ဒီည အဲ့ကို သွားလိုက်ပါ..တကယ်လို့ လက်ခံခဲ့ရင် သုံးရက်ပြီးတာနဲ့ Xiaoအရှင်ကို ပတ်သတ်လို့ မရဘူးဆိုတာ သိထားပေးပါ..လက်မခံဘူးဆို ဒီ ကိစ္စ ကို ကျွန်တော် မပြောခဲ့ဘူးလို့ သဘောထားလိုက်ပါ"

Eleက ရယ်ကာ..

"ကမ္ဘာပေါ်မှာ ရှိတဲ့ 80% သော မိန်းမတွေဟာ Xiaoအရှင်နဲ့ တစ်ညတာ ကုန်ဆုံးဖို့ မျှော်လင့်နေရတာ..ကျွန်မ ဒီအခွင့်အရေးကို ငြင်းလိုက်ရင် မိုက်မဲရာ ကျသွားမှာပေါ့..လာခဲ့ ပါမယ်လို့ ပြောလိုက်ပါ"

ဒါပါပဲ...King Xiaozhan ကို ဘယ်သူမှ မငြင်းဆန်ကြဘူး..တစ်ညတာ ပတ်သတ်မှု့ကို မက်မက်မောမော မျှော်လင့်နေတဲ့ သူတွေက သူမပြောသလို အများကြီးရယ်ပါ..
ဒါဆို သူကရော..အရှင်နဲ့ အဲ့လို ပတ်သတ်မှု့မျိုး ကို မျှော်မှန်းခဲ့ပါသလား..
စိတ်ကူးနဲ့ တွေးကြည့်ရင်တောင် အရှင် ညစ်ညမ်း သွားမှာစိုး လို့ သူက မတွေး ခဲ့မိပေမယ့်.
သူချစ်တဲ့ အရှင်ကတော့ သူ သဘောကျတဲ့ သူဆို သူ့ ခန္ဓာကိုယ်ကို မက်မက်မောမော ပေးလိုက်တော့တာပဲ..

.....

"Wang ငါ ပင်ပန်း လိုက်တာကွာ.."

အပေါ် Coatကို ဆွဲ ချွတ်ပစ်ပြီး ကုတင်ပေါ် ခြေပစ်လက်ပစ် လှဲချ တဲ့ အရှင်ဟာ တကယ်ကို ဘုရင်တစ်ပါး ဆိုတာ ကျိန်ပြောရမည်..အများအမြင်မှာ တည်ငြိမ်ရင့်ကျက်တဲ့ ပုံ ဖမ်းထားသည့် အရှင်က သူ့ရှေ့မှာတော့ ဒီလို ကလေးဆန်တဲ့ အပြုအမှု တွေကို လွတ်လွတ် လပ်လပ် ပြုမှုလေ့ရှိတယ်..
ဒီအပြုအမှုလေးတွေကို သူတစ်ယောက်ထဲ မြင်ခွင့်ရတာနဲ့တင် သူက ကျေနပ်နေတော့တာပါပဲ..

The Lover's Command (Completed )Where stories live. Discover now