Part-4

8.3K 906 66
                                    

အရှင့်ရဲ့ အနမ်းတွေထဲ နစ်မျှော နေတုန်းမှာပဲ အရှင်က ရုတ်တရက် ရပ်လိုက်ပြီး..သူ့ ပခုံးပေါ် တစ်ကိုယ်လုံး မှီ ကျသွားတယ်..

"အရှင်..အရှင်.."

ကျောပြင်ကို ပုတ်ကာ ခေါ်နေပေမယ့် တုံ့ပြန်စကား ပြန်မရ..အင်း. ကြည့်ရတာ အိပ်ပျော်သွား ပြီထင်ပါတယ်..
အရှင့် ခန္ဓာကိုယ်ကို ကျော ပေါ် တင်ကာ နန်းတော် ကို ပြန် ဖို့ စီစဉ်ရသည်..

"အင်း..."

အငြိမ်မနေသည့် အရှင်ကတော့ သူ့နားရွက်တွေကို ဆွဲကာ ဆော့ကစားရင်း ပျော်နေခဲ့သည်..

"ကြောင်လေး..နားရွက်လေးတွေက ချစ်စရာလေး.. ကိုင်လို့ ကောင်းတယ်..ဟီး ဟီး.."

အရှင်နဲ့ တွေ့မှ သူလဲ ကြောင် ဘဝ ရောက်တော့ တာပါပဲ..အရှင့်ရဲ့ ကလေး ဆန်မှု့လေးက ချစ်စရာ ကောင်းနေတာကြောင့် သူ ပြုံး လိုက်မိသည်...
အင်း..ပိုပိုတိုးပြီး ချစ်ရပါတယ် ကျွန်တော့် ရဲ့ အရှင်ရယ်...

.........
ကုတင်ပေါ် မှာ အသာ အရှင့်ကို တင်ပေးပြီး ဖိနပ်တွေကို ဆွဲ ချွတ်ပေးကာ စောင်ကို ခြုံပေးအပြီး ပြန် မယ် အလုပ်..အရှင့် လက်တစ်ဖက်က သူ့ကို အားနဲ့ ဆွဲချ လိုက်တာ ကြောင့် အရှင့်ပေါ်ကို သူမှောက်လျှက် ပြုတ်ကျ သွားသည်..

"အ...အရှင်..."

"အထီးကျန်တယ်.. ငါ အရမ်း အထီးကျန်တယ်.. "

ရုန်းထွက်ဖို့ ပြင်လိုက်ပင်မယ့် ရှိုက်သံနဲ့အတူ ထွက်ပေါ် လာသည့် အသံ ကြောင့် လှုပ်ရှားမှု့တွေ ကို ရပ်ကာ အရှင့် မျက်နှာ ကို ကြည့် မိတော့..
အရှင် ငိုနေတယ်..

"ဒါပေမဲ့... ငါတစ်ယောက်ထဲပဲ နေချင်တယ်.."

အရှင့်ပါးပြင်ပေါ်က မျက်ရည် တွေကို သုတ်ပေးရင်း ရင်ထဲက နာကျင်မှု့ နဲ့ အတူ သူပါ ငိုမိသည်..ဘာတွေများ ခံစားနေရတာ လဲ ကျွန်တော့် ရဲ့ အရှင်ရယ်..ဖြစ်နိုင်ရင် အရှင့် နာကျင်မှု့ တွေကို ကျွန်တော် ယူလို့ ရရင် ယူလိုက်ချင်ပါရဲ့..
ချစ်ရတဲ့ အရှင့်ကို ဆံခြည် တစ်မျှင်စ လေး မှတောင် စိတ်မဆင်းရဲစေချင်ဘူး..

"နွေးတယ်..မင်းက ဂွမ်းလုံးလေး လိုပဲ"

ပိုတိုးဖက် လိုက်သည့် အရှင့်ကြောင့် ခန္ဓာကိုယ် ချင်းပိုမိုထိကပ်သွားတော့ မျက်နှာတွေရဲလာကာ သူရုန်းတော့..

The Lover's Command (Completed )Where stories live. Discover now