Part-9

8.4K 995 208
                                    

"Haeri.. ကိုယ် အရမ်းအံ သြ သွားတာ"

"ပျော်လား Sean..ငါ့ကို တွေ့လို့ပျော်သွားတယ်မလား"

"အင်း.."

အရှင့်ရဲ့ လက်တွေက ထိုမိန်းကလေး ရဲ့ ခါးကို ပွေ့ဖက်ထားတာမြင်တော့ သူ ငိုချင်လာသည်..

"ဂါရဝပြုပါတယ် မိဘုရားကြီး..မတွေ့ရတာ ကြာပြီနော်"

"ဟုတ်ပကွယ်..သမီးလေးနဲ့ နောက်မှအေးဆေး စကားပြောမယ်..အခုတော့ သားတော်နဲ့ အလွမ်းသယ် လိုက်ကြပါဦး"

"အဟင်း..ဟုတ်ကဲ့ပါ မိဘုရားကြီး"

မိဘုရားကြီး ထွက်သွား တော့မှ Haeri က အရှင့်လက်ကို ချိတ်ကာ သူ့ကို တစ်ချက် ကြည့်လိုက်ပြီး..

"Sean..သူက ဘယ်သူလဲ "

"Aww..ကိုယ့်ရဲ့ ကိုယ်ရံတော် ပါ...ဗိုလ်မှုး Wangသွားနားလိုက်ပါ..."

နှင်ထုတ်တယ်တဲ့လား..အရှင့် ဘေးမှာ အမြဲ ရှိနေခဲ့တဲ့ သူ့ကို တစ်ခါမှ ထွက်မသွားခိုင်းဘူးတဲ့ အရှင်က အခု သူ့ကို အလိမ္မာနည်းနဲ့ နှင်ထုတ်လိုက်တယ်တဲ့လား..
ကျောခိုင်း ကာ ထွက်သွား ပေမယ့် ကြားလိုက်ရသည့် အရှင့်ရဲ့ ချိုမြမြ စကားသံ ကြောင့် ရင်ဝကို မြှားအစင်းတစ်ရာ လာထိမှန်သလို ခံစား လိုက်ရတယ်..

"ကိုယ် မင်းကို အရမ်းလွမ်းနေခဲ့တာ Haeri"

....
အခန်းထဲ ရောက်တော့ စိတ်လို ကိုယ်လွတ် ငိုချ မိသည်.စိတ်ဓာတ် မာကျောတဲ့ တော်ရုံ တန်ရုံ မငိုတက်တဲ့ သူဟာ ဘဝမှာ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရတာ Xiao အရှင် ကြောင့်ပါပဲ..
အစထဲက အရှင့်နှလုံးသားထဲမှာ တစ်စုံ တစ်ယောက် ရှိနေပြီးသားဆို..
ကျွန်တော့် ကို ဘာလို့ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်ရတာလဲ..
ဘာလို့ မျှော်လင့်ချက်တွေ ပေးခဲ့တာလဲ..
ကျွန်တော် က အရုပ်မဟုတ်ပါဘူး အရှင်..
နှလုံး သားရှိတဲ့ သက်ရှိ လူသားပါ..
ကျွန်တော့် ကိုဘာလို့ အရုပ်လေးလို ကစားနေရတာလဲ အရှင်ရယ်..

....
အိပ်မပျော် တာကြောင့် အခန်း အပြင်ထွက်ကာ နန်းတော် ထဲ ဟိုဒီ လျှောက်နေတုန်း တိုင်နောက် ကနေ ဖြတ်ခနဲ တွေ့လိုက်ရသည့် အရိပ်တစ်ခုကြောင့် အနားသွား ကာ အကျီင်္ကို ဆွဲလိုက်ပြီး..

The Lover's Command (Completed )Where stories live. Discover now