Part-8

8.3K 965 84
                                    

"ငါ မင်းကို နားခိုင်းထားတာ လေ ဒီလို သာယာနေဖို့ မဟုတ်ဘူး Wang"

"အ..အရှင်."

Yiboရင်ခွင်ထဲက Ziyiက ကြောင်ပြီးရပ်နေကာ Yiboကို မော့ကြည့်ပြီး

"Yi..Yibo..အဲ့..အဲ့တာ မင်းကြီးလား"

"အင်း..ဟုတ်တယ်"

Xiaozhan က သူတို့နှစ်ယောက်က မီးတောက်မတက်မျက်လုံးတွေနဲ့ ကြည့်နေကာ..

"ကြိုဆိုဖို့ သတိမရကြဘူးလား..ဒီလိုပဲ ကြည်နူးနေတော့မှာလား"

Ziyiက Yiboရင်ခွင်ထဲက ထွက်ကာ..

"ကြို..ကြိုဆိုပါတယ် မင်းကြီး"

"အရှင် ကျွန်တော့် အိမ်ကို ဘာလာလုပ်တာလဲ "

Ziyiက Yiboကို ပိတ်ရိုက်ကာ

"ဟဲ့..Wang Yibo..နင် မင်းကြီးကို ဘယ်လို ပြောနေတာလဲ"

"ငါ မင်းကို ပြန်လာခေါ်တာ Wang"

"ကျွန်တော့် နားရက် မပြည့်သေးဘူး "

"ငါ့ အနားမှာ မင်းမရှိရင် မနေတက်ဘူး..သွား မယ်..လာ"

Yiboလက်ကို ဆောင့်ဆွဲ လိုက်ကာ ပြောလိုက်သည့် စကားကြောင့် Ziyiနှာခေါင်းသွေးတွေတောင်လျှံချင်လာသည်..နေကြပါဦး..ဒါက ဘာတွေလဲ..
ငါ့ရဲ့ အတွေ့ အကြုံတွေအရဆို..မင်းကြီးက Yiboကို ကြိုက်နေတာလား..

"Wangလေး..သား..ထမင်းစားရအောင်..ဟင်..သူက."

ထမင်းစားဖို့ ထွက်လာခေါ်သည့် Wangမားက Xiaozhan ကို မြင်ကာ ထိတ်လန့်သွားပြီး..

"မင်း..မင်းကြီး"

"ဟုတ်ပါတယ် အားရီ..ကျွန်တော် Wang Yiboကို ပြန်လာခေါ်တာပါ"

"ဟုတ်..ဟုတ်ကဲ့.. Wangလေး..ဘာလုပ်နေတာလဲ.. လိုက်သွားလေ"

"ကျွန်တော့် နားရက်မပြည့်သေးဘူး မလိုက်နိုင်ဘူး.."

"Wangလေး.."

"မနက်ဖြန်မှ ပြန်လာခဲ့ပါမယ် အရှင်..အခုတော့ အရှင် ပြန်လိုက်ပါ..မား ထမင်းရပြီမလား..ကျွန်တော် ဗိုက်ဆာ နေပြီ"

Xiaozhan ဆွဲထားသည့်လက်ကို ရုန်းကာ Yiboက အိမ်ထဲ ဝင်မည် ပြင်တော့ Xiaozhan က Wangမားကို ကြည့်ကာ..

"ကျွန်တော် ရော..ထမင်း ဝင်စားလို့ရလား"

"ရှင်..ရ..ရပါတယ်..ဒါပေမဲ့"

The Lover's Command (Completed )Where stories live. Discover now