Part-11

9K 956 108
                                    

အပြင်မှာမိုးတွေက သည်းကြီးမည်းကြီး ရွာနေသည်..အရှင်က အခုထိ ခြံပြင်မှာ မတ်တပ်ရပ်ကာ နေနေတုန်း..ပြေးကာ သွားချင်နေသည့် ခြေထောက်တွေကို ထိန်းထားရတာ လွယ်မနေဘူး..အစမပျိုးချင်ဘူး အရှင်..အရှင့်ရဲ့ ချစ်တယ်ဆိုတဲ့စကားကိုလဲ မယုံချင်ဘူး..ခေါင်းညိမ့် မိလိုက်ရင် ကျွန်တော် က အရှင် ပတ်သတ်ခဲ့ဘူးတဲ့ မိန်းမတွေလို လွယ်လွယ် စွန့်ပစ်ခံ ရမှာ မလား..
မျက်စိစုံမှိတ်ပြီး ပတ်သတ်မိလိုက်ရင် ရင်နာစရာတွေပဲ ဖြစ်လာမှာ..
ဒီထက်ပိုပြီး ရှေ့ဆက်မတိုးချင်တော့ပါဘူး..
ကိုယ့်ဘဝနဲ့ကိုယ် နေကြရအောင် အရှင်ရယ်..

"သား.."

"မား."

မားက သူ့ပခုံးကို ကိုင်ကာ..

"ဘာလို့ မင်းကြီးကို နှင်ထုတ်လိုက်ရတာလဲ"

"ကျွန်တော် ... "

"သားပြောရခက်နေလဲ မပြောပါနဲ့.. မားနားလည်ပါတယ်."

"မားသိနေတာလား"

"မားမွေးထားတဲ့သားပဲ သားရယ်..မသိစရာလား..မားက သားဆုံးဖြတ်ချက်ကို အလေးထားတယ်..ဒါပေမဲ့ သားလေးကို မားက ပျော်ရွှင် စေချင်တယ်..စိတ်ဆင်းရဲမှာ မမြင်စေချင်ဘူး"

"ကျွန်တော် နားလည်ပါတယ်"

"နန်းတော် ထဲက တစ်ယောက်ယောက်ကို မင်းကြီးကို လာခေါ်ခိုင်းလိုက်ပါ..သူရပ်နေတာကြာပြီ.."

"ဟုတ်ကဲ့ "

မားထွက်သွားတော့မှ Zhoucheng ကို Phဆက်ကာ အရှင့်ကို ခေါ်ခိုင်းရသည်..ခေါင်းမာနေတဲ့ အရှင်က တော်တော်နဲ့ မလိုက်တာကို အပေါ်ထပ်ကနေ မြင်နေရသည်..သူလုံးဝထွက်မလာတာသေချာမှ အိမ်ပေါ်ကို မော့ကြည့်ကာ ထွက်သွားသည်..

....

နောက်တစ်နေ့မိုးလင်းတော့လဲ အလုပ်မရှိတော့တာကြောင့် လူက မနေတက်..အကျင့်ပါနေတဲ့ မျက်လုံး အတိုင်း နိုးလာပြီး ယောင်ယမ်းကာ အရှင် ဒီနေ့ ဘာ Scheduleရှိလဲတွေးမိပြီးမှ အလုပ်ထွက်ထားတာကို သတိရကာ ငြိမ်နေရသည်..
မနက်စာစားပြီး ပျင်းနေတာနဲ့ ခြံထဲ အပင်တွေ ရေလောင်းဖို့ ထွက်ခဲ့ ပြီး..
ပန်းပင်တွေကို အာရုံစိုက်ကာ ရေလောင်းနေတုန်း ခေါင်းပေါ် လာထိသည့် တစ်စုံတစ်ခု ကြောင့် မော့ကြည့်လိုက်တော့..
တုတ်ချောင်းမှာ ကြိုးလေးနဲ့ ချိတ်ထားသော စာရွက်လေးကို လိပ်ထားတာကြောင့် ယူကာ ဖတ်လိုက်တော့..

The Lover's Command (Completed )Where stories live. Discover now