Part-6

8.4K 930 67
                                    

"သားတော် မင်းပေါက်ကရတွေ ပြောမနေနဲ့"

Xiaozhan က ထိတ်လန့်နေတဲ့ မယ်တော့်ကို ကြည့်ကာ တစ်ချက် ရယ် လိုက်ရင်း Yiboခါးကို ဆွဲဖက်ကာ အနား ကပ်လိုက်ပြီး..

"အဟွန်း...ပေါက်ကရ မဟုတ်ပါဘူး "

"မင်း လက်မထပ် ချင်တာနဲ့ ဇာတ်လမ်းတွေ ထွင်မနေနဲ့ သားတော်..မင်း မိန်းမတွေနဲ့ ပတ်ရှုပ်နေတာ..ဘယ်လိုလုပ် ဗိုလ်မှူး Wang နဲ့တွဲနေတာ ဖြစ်ရမှာလဲ..ငါ့ကို လာနောက်မနေနဲ့"

"သြော်..ဒုက္ခပါပဲဗျာ..ကဲ..မယ်တော် မယုံတော့လဲ သက်သေပြရတာပေါ့"

စကားဆုံးတာနဲ့ Xiaozhan က Yiboကို မျက်နှာချင်းဆိုင် ဖြစ်အောင် ဆွဲလှည့်လိုက်ပြီး နှုတ်ခမ်းတွေ ကို ဖိကပ်နမ်းပစ်တယ်..ရုတ်တရက် ဖြစ်သွားတာ ကြောင့် Yiboလဲ ကြောင်ပြီး ရပ်နေမိသည်..
Xiaozhan က Yiboကို ပြန်လွှတ်လိုက်ကာ..

"ယုံပြီလား မယ်တော်.."

"အရှင် ဘာတွေလျှောက်လုပ်နေတာလဲ..မိဘုရား ကြီး..ခွင့်လွှတ်ပါ.ဒါက အမှန်တွေ မဟုတ်..အွန့်"

စကားမဆုံးခင် Xiaozhan က Yiboရဲ့ ပါးစပ်ကို နှုတ်ခမ်းနဲ့ ပိတ် ပြန်တယ်..

"Wangလေးကို မကြောက်ပါနဲ့ လို့ ပြောထားတာလေ..စိတ်ချ ဒီကိုကိုက မင်းကို ကာကွယ်မယ်"

"အရှင်"

အရှင်က သူ့အနားကပ်ကာ လေသံတိုးတိုး ဖြင့်

"Wang ဟန်ဆောင်ပေး...ဘာမှ မပြောပဲ ငြိမ်ငြိမ်လေးနေ..ဒါ ငါ့ အမိန့်"

အရှင့်ရဲ့ အမိန့်ဆိုတဲ့ စကားကြောင့် သူ ငြိမ်သက်သွား ရတယ်..မိဘုရား ကြီးက ထို မြင်ကွင်း ကို ကြည့်ကာ..

"Xiaozhan.. မင်း ငါ့ရှေ့မှာ မလေးမစားနဲ့..တောက်"

"သြော်..မလေးစားတာ မဟုတ်ပါဘူး..မယ်တော် မယုံမှာစိုးလို့ သက်သေပြ ပါ..ကျွန်တော် က မိန်းမတွေနဲ့ အိပ်ပေမယ့်Wang လေးကိုပဲ ချစ်တာ..မိန်းမတွေနဲ့ အိပ်တယ် ဆိုတာကလဲ Wang လေးက တန်ဖိုးထားလို့ မထိရက်လို့ ကျွန်တော့် ရဲ့ သွေးသားဆန္ဒအတွက် သူတို့ကို အသုံးချတာ.."

"XiaoZhan!!"

"နောက်တစ်ခါ ဒီလို မျိုး ထပ်လုပ်ရင် ကျွန်တော် Wangလေးကို တရားဝင် ကြေ ငြာမယ်..ထီးနန်း စွန့်လွှတ်ရလဲ ကျွန်တော့် အတွက် ပြသနာမရှိဘူး.
ကျွန်တော့် ကိစ္စတွေ ကို ဝင်မစွတ်ဖက် ပါနဲ့ မယ်တော်..ခုချိန်မှာ ကျွန်တော် က ဒီနိုင်ငံရဲ့ ဘုရင်ပါ..
မယ်တော့်ရဲ့ သားမဟုတ်ဘူး..လာ..သွားမယ် Wangလေး"

The Lover's Command (Completed )Where stories live. Discover now