Part-23

7.3K 758 32
                                    

"သားတော် ဘာတွေ လျှောက်လုပ်နေတာလဲ"

တံခါးကို ဝုန်းခနဲ ဖွင့်ကာ မိဖုရားကြီးက ဒေါသတကြီးဝင်လာသည်..
Xiaozhan က မယ်တော်ကို အေးစက်စက်ကြည့်ကာ

"ရှင်ဘုရင် အိပ်ဆောင်ကို ခွင့်မတောင်းပဲ ဝင်လို့ မရဘူးဆိုတာ မယ်တော် မေ့နေတာလား"

"သားတော်..ငါက သားတော်ကို မွေးထားတဲ့မိခင်ပါ"

"မိခင်ဆိုပေမယ့် ကျွန်တော်က ရှင်ဘုရင် မယ်တော်ထက် အာဏာရှိပါတယ်"

"သားတော်"

"သားတော် လုပ်နေတဲ့ ကိစ္စတွေမှာ ဝင်မပါပါနဲ့ မယ်တော်..နန်းတော်ကို အုပ်ချုပ်ပြီး အေးဆေးနေပါ"

"သားတော်..ဒီကိစ္စက ပေါ့ပေါ့သေးသေး မဟုတ်ဘူး.. မင်းဒီလို လုပ်လိုက်လို့ အစိုးရဘက်က ဒီ အကြောင်းကို အသုံးချပြီး မင်းကို နန်းချ ကျလိမ့်မယ်"

"ပြည်သူတွေ သဘောမတူရင် အစိုးရက ဘာမှ လုပ်လို့မရပါဘူး မယ်တော်..တစ်ခုခုဖြစ်သွားပြီး ထီးနန်းကို စွန့်လွှတ်ရ ရင်တောင် ကျွန်တော် ဘာမှ မဖြစ်ဘူး "

"သားတော်"

"ပြန်ပါတော့ မယ်တော်..နိုင်ငံရေးကိစ္စတွေမှာ ဝင်မပါ ပါနဲ့"

Xiaozhan အစောင့်တွေကို ခေါ်လိုက်ကာ

"မယ်တော်ကို သူ့အဆောင်သူ ပြန်ပို့ပေးလိုက်"

မိဖုရားကြီးက သူ့ကို ဒေါသတကြီး ကြည့်ကာ ပြန်သွားသည်..

"အရှင်..Ms. Shin ရောက်နေပါတယ်"

Jing Yi ရဲ့စကားကြောင့် သူ စိတ်ရှုပ်သွားသည်..သူက ဘာလာလုပ်ရပြန်တာလဲ..

"အင်း. ငါ လာခဲ့မယ်"

ဧည့်ခန်းဆောင်ကို ထွက်လာတော့ Shinက ထိုင်ရာမှ ထ လာကာ သူ့လက်မောင်းကို လာကိုင်တာကြောင့် Xiaozhan ရှောင်လိုက်ပြီး

"နန်းတော်မှာ လူတွေ အများကြီး Shin. .မသင့်တော်တဲ့ အပြုမှု​တွေ မလုပ်ပါနဲ့"

"မောင်..Shinက မောင်နဲ့ မကြာခင် မောင့် မိဖုရား ဖြစ်လာမယ့်သူ ပါ"

"အခု မဖြစ်သေးဘူးလေ"

"မောင်."

"ကိုယ် စိတ်တွေ အရမ်းရှုပ်နေတယ်..Shin ဘာကိစ္စ ရှိလို့ ကိုယ့်ဆီ လာတာလဲ"

The Lover's Command (Completed )Where stories live. Discover now