Part-13

8.8K 902 71
                                    

"အရှင့်ကို နှလုံးသားနဲ့ အသက်နဲ့ ရင်းပြီး ကျွန်တော် က ချစ်ပါတယ် အရှင်"

"Wang.."

မျက်လုံး လေးတွေ ဝိုင်းစက်လာပြီး အရှင့်လက်ကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေကို အရှင်က ထပ်ဆုပ်ကိုင်ကာ..

"ပြန်ပြောပါဦး..ထပ်ပြောပါဦး"

"ချစ်တယ်... အရှင့်ကို ချစ်တယ်.."

"Wang ရာ..ကျေးဇူး ပါ..တကယ့်ကို ကျေးဇူးပါ..Wangကို နောက်ထပ် မျက်ရည်ကျအောင် မလုပ်တော့ဘူး လို့ ကိုယ် ကတိပေးပါတယ်"

နဖူးပေါ် ဖွဖွ ကျရောက်လာတဲ့ အရှင့်နှုတ်ခမ်းတစ်စုံကြောင့် မျက်ရည် တွေ ကြားမှ ကြည်နူးစွာ ပြုံး မိသည်..ဘယ်ချိန် ပြန် စွန့်လွှတ်ရမှန်း စိုးထိတ်မိပေမယ့် ချစ်ခွင့် ရချိန်မှာတော့ ကျွန်တော် အရှင့်ကို ချစ်သွားပါမယ်..

....

"အား...အ..နာတယ်..ဖြည်းဖြည်း လုပ် Wangရဲ့"

လက်က ဒဏ်ရာတွေ ကိုဆေးထည့် ပတ်တီးစီးပေးနေရင်း ထ အော်နေသည့် အရှင်ကြောင့် သူမော့ကြည့်ကာ..

"ဘာလို့ ဒီလောက်အော်နေရတာလဲ..လုပ်တုန်းကတော့ လုပ်ပြီး"

"နာလို့လေ..နာလို့ အော်တာပေါ့"

"ဘုရင် ဖြစ်ပြီး သတ္တိကလဲ နည်းလိုက်တာ"

"ဟုတ်တယ်..ဒီ ဘုရင်က သတ္တိနည်းတယ်..ဒါကြောင့် ဟောဒီက ဗိုလ်မှူး Wang အနားမှာ နေပြီး ကာကွယ်ပေးမှ ဖြစ်မှာ"

"အရှင်က စကားတွေ အရမ်းတက်နေပါလား.အေးပေါ့လေ အတွေ့အကြုံတွေလဲ များတော့"

"......"

အရှင့်ဆီက စကားသံမကြားရတာကြောင့် သူ အလန့်တကြား မော့ကြည့်မိတော့ စူးရဲနေသည့် အရှင့်မျက်ဝန်းကို မြင်လိုက်ရတော့..

"တောင်း..တောင်းပန်ပါတယ် အရှင်.. ကျွန်တော် စကားမှား သွား..အင့်.."

ရုတ်တရက် သူ့ကို ပေါင်ပေါ် ဆွဲတင်လိုက်သည့် အရှင်ကြောင့် သူ လန့်သွားသည်..အရှင်က သူ့ ပါးပြင်ကို လက်မဖြင့်ဖွဖွ ပွတ်ကာ မျက်လုံး ချင်းဆုံအောင် ကြည့်ပြီး..

"Wang..ဘာမှ မဖြစ်ဘူး..ငါက မင်းနဲ့ ရှိချိန်မှာ ရှင်ဘုရင်မဟုတ်ဘူး..Wangရဲ့ ချစ်သူ Xiaozhan ပဲ..ဒါကြောင့် Wangက ငါ့ကို စိတ်ကောက်လို့ရတယ်..သဝန်တို လို့ရတယ်..ချစ်သူတွေ ပြုမှုတဲ့ အပြုအမှုတွေ အားလုံး Wangမှာ လုပ်ခွင့်ရှိတယ်."

The Lover's Command (Completed )Where stories live. Discover now