Part-21

7.9K 811 39
                                    

သွေးအိုင်ထဲမှာ လဲကျနေတဲ့ Yiboကို ပွေ့ဖက်ကာ Xiaoအရှင်ဟာ အရူးတစ်ပိုင်းလို ခံစားနေရတယ်..ဆုံးရှုံး လိုက်ရရင် သူ ရူးသွားလိမ့်မယ်..

"Wang..မင်း ဘာမှ ဖြစ်လို့မရဘူး Wang"

နောက်က လိုက်လာတဲ့ ရွှမ်းလု ဟာ Xiaozhan ကို အတင်းလှုပ်ကာ သတိပြန်ဝင်ဖို့ လုပ်ရတယ်..

"မင်းကြီး..ဆေးရုံ ပို့ရအောင်..ဆေးရုံ အမြန်သွားမှဖြစ်မယ်"

Xiaozhan က မျက်ရည်တွေကို သုတ်ကာ Yiboကို ပွေ့ချီလိုက်ပြီး

"ကျဲ ဆေးရုံ ကို သွားကြမယ်"

.....

"ကျွန်တော် လက်မထပ်ခင် စိတ်အပန်းဖြေချင်လို့ ကျင်းရီကို ခေါ်ပြီး ထွက်သွားတာပါ..နှစ်ရက် သုံးရက်လောက်ဆို ပြန်လာပါမယ်"

Xiaozhan က Phကို ချလိုက်ကာ ကျင်းရီက ကို ကြည့်ပြီး..

"မင်းကို မယ်တော် မေးရင် အခု ငါ ပြောသလိုပဲ ဖြေ"

"ဟုတ်ကဲ့ပါ အရှင်"

"ဒီအကြောင်းတွေကို လျှို့ဝှက်ထားပေးပါ"

"အမိန့်တိုင်း ပါ အရှင်..ဟို..ဒါနဲ့..ကျွန်တော်မျိုးရဲ့ ​မေးခွန်းအတွက် ခွင့်လွှတ်ပါ အရှင်..ဗိုလ်မှုး Wangနဲ့ အရှင်က ဘယ်လို ပတ်သတ်နေတာလဲ.ဆိုတာ ဖြေကြားပေးလို့ ရမလား အရှင်"

Xiaozhan က သက်ပြင်းသဲ့သဲ့ ကိုချကာ

"Wang က ငါ့ ချစ်သူ..ငါလက်ထပ်ထားတဲ့ ငါ့ကြင်ယာတော် ပါ"

"ဗျာ"

ခွဲစိတ်ခန်းထဲမှ ရွှမ်းလုက ထွက်လာတာကြောင့် Xiaozhan ပြောလက်စစကားကို ရပ်ကာ ရွှမ်းလုဆီ ပြေးသွားသည်..

"ကျဲ...Wang..Wang အခြေအနေ. "

"စိုးရိမ်စရာ မလိုတော့ပါဘူး..ခြေထောက်တော့ ထိသွားတယ်..သေချာကုလိုက်ရင် ပြန်ကောင်းမှာပါ"

"ကျဲ..ကျွန်တော် လေ.."

"မင်းကြီး..သတိပြန် ရသွားပြီလား"

Xiaozhan က ခေါင်းကို အသာညိမ့်ကာ

"ကျွန်တော်ရင်တွေနာတယ် ကျဲရယ်..ကျွန်တော့် ကြောင့် Wang အခုလို ဖြစ်ရတာ"

"Zhanzhan ရယ်.."

"Wangကို စိတ်ရော ကိုယ်ပါ ထိခိုက်စေတဲ့ သူတွေကို ကျွန်တော် ခွင့်မလွှတ်နိုင်ဘူး ကျဲ..ကျွန်တော့် မယ်တော် ဖြစ်နေခဲ့ရင်တောင် ကျွန်တော် ခွင့်လွှတ် မှာမဟုတ်ဘူး"

The Lover's Command (Completed )Where stories live. Discover now